ကြီးမားတဲ့ကုသိုလ်တွေ တစ်စက္ကန့်မှာ ကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားမည့် နေနည်းများ

၁။ နိုးနိုးချင်း..မြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်း၊ နိုးနိုးချင်း ထထချင်း အနေအထားမပြောင်းမရွေ.ပဲ ဝင်လေ ထွက်လေလေးကို သတိကပ်မှတ် နေလိုက်ပါမယ်။ဒါဆို ကြီးမားတဲ့ကုသိုလ်တွေကတစ်စက္ကန်.မှာ ကုဋေ
တစ်သိန်း နှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့သည့်အတွက် မင်္ဂလာတရား ဖြင့်စတင်သည့်နေ.လေးဖြစ်သွားပါတယ်။၂။ လှုပ်လှုပ်ရွရွ ဟူသမျှ..အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မီးနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန် ကြိုးစားနေလိုက်ပါ့မယ်။၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား..၃.၁. မပြုမီဝမ်းသာ။ ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာ ကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။

၃.၂. ပြုဆဲဝမ်းသာ။ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိသည်ဟု မှန်းဆပြီး ကုသိုလ် ပြုရပြီဟု ဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။၃.၃. ပြုပြီးဝမ်းသာ။ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟု ပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိုက်ပါ။ ၃.၄. ဥာဏ်ထဲ့လိုက်ပါ။ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟု ကံ၏အကျိုးကို ယုံကြည်သော ဥာဏ်လေးထဲ့လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ် ရရှိသွားပေသည်။၃.၅. ဝိပဿနာဆင်ခြင်။– ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။( စိတ္တာနုပဿနာ )– ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင် ကြိုးစားနေပါမယ်(ကာယာနုပဿနာ)– ခြေမှာလက်မှာ နာကျင်နေတာ သိအောင်ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)– သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် ဓမ္မာနုပဿ နာ။ဒါဆိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။

၎။ သန်.ရှင်း ချက်ပြုတ်..အိမ်သူအိမ်သားများ အစစအရာရာ အဆင်ပြေပါစေ၊ တရားအားထုတ်နိုင်ရန် အလို.ဌာ စားသုံးနိုင်ကြပါစေ။ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို. မေတ္တာ ပွားနေရင် အလွန်အားကြီးတဲ့ ကုသိုလ် ရရှိသွားပြန်ပါပြီ။၅။ ထွေထွေစုစု..– ထမင်းဆာလာရင် ချက်ချင်းမထပဲ ထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မီးနစ်ခန်.၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲ ချိုးချင်စိတ်ကို တစ်မီးနစ်ခန်. သိနေလိုက်ပါ။ အိပ်ချင်လာရင်၊ သွားချင်ရာတွင် နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို. စွမ်းအားအလွန်ကြီးမားပါတယ်။– ဖိနပ်ကို ညီညီညာညာ သတိနဲ. ချွတ်မယ်၊ ဝတ်ပါမယ်။– စကားကို အေးအေးဆေးဆေး နူးနူးညံ့ညံ့ ပြောပါမယ်။– T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊ သီချင်းနားထောင်ခြင်းတွေက အကုသိုလ်များစေတာမို့ နည်းနည်းချင်း တိုး၍ တိုး၍ လျော့ပါမယ်။– အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ။– မကောင်းမြင်ဝါဒ၊ မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။ဥပမာ– သည်လူ တရားစာတွေသာ ရေးနေသာ တရားအားထုတ်မှာ မဟုတ်ပါဘူးလို. မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့ တရားလည်းအားထုတ်မှာပါဟု တွေးလိုက်ပါ။

၆။ အိပ်ယာဝင်..၅မိနစ်ခန်. ဝင်လေ ထွက်လေကိုဖြစ်စေ၊ ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ် သတိကပ်၍ မှတ်နေလိုက်ပါ။. အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံ ရရှိနေပြီဖြစ်ပါတယ်။၇။ အကုသိုလ်များလှ လူ.ဘဝ..
အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊ ထိုင်တာ အကုသိုလ်တရားတွေမို. လူဘဝပြန်ရဖို. အလွန်ခဲယဉ်လှပါတယ်တဲ့။အထက်က အတိုင်းနေမယ် ဆိုရင်တော့ အကုသိုလ်ပါးလို. ကုသိုလ်များကြမှာ ဖြစ်ပါတယ်။

ပါချုပ်​ဆရာ​တော်​ကြီး🙏🙏🙏

Credit-သန်းဝင်း

Tips News

error: Content is protected !!