ဖရဲသီးရဲရဲလေးတွေမှ အရမ်းကြိုက်တတ်တဲ့ သူများ ဖတ်ကြည့်ကြပါဦး

ပထမတစ်ခေါက်ကတည်းက ရေးမလို့ပါပဲ အခက်မသင့်လို့ဖြစ်တယ်ထင်လို့.. အခုထပ်ဖြစ်တော့ သတိထားရအောင် ရေးလိုက်ပါပြီ ညီမကဖရဲသီးအရမ်းကြိုက်ပါတယ် အခု ရန်ကုန်ခဏပြန်ရောက်တုန်း အမျိုးအသီးသီးက ဖရဲသီးလာပို့ကြပါတယ်

၁။ အဖွားက သီရိမင်္ဂလာဈေးကဝယ်လာတာပါ ဖရဲသီးကြီးတယ် လေးလဲလေးတယ် အိမ်သယ်လာတော့ ညီမတို့ကချက်ချင်းမစားဖြစ်ပဲအသီးကိုတစ်ည သိပ်လိုက်ပါတယ် မနက်အမေက ခွဲတော့ ဓားဖိလိုက်တဲ့အချိန်မှာ အသီးက ဗွမ်းကနဲဆိုပြီး ကွဲသွားပါတယ် အထဲမှာအရည်တွေနဲ့ပြည့်နေတယ် ဘာအသားမှမရှိ အမေလည်းတော်တော်အံ့သြသွားတယ် ခဏနေကြတော့ ကြမ်းပြင်ပေါ်က သေချာမသုတ်မိတဲ့ အရည်တွေကနေ ပုတ်စော်နံလာတယ် ခါတိုင်း အသီးတွေပုတ်တဲ့အနံ့ မဟုတ်ပဲ ဆေးနံ့တစ်ခုထွက်လာတယ် ညီမတို့လဲ အခက်မသင့်လို့ဖြစ်မှာပါဆိုပြီး အကုန်လွင့်ပစ်လိုက်ပါတယ်

၂။ နောက် ၂ ရက်လောက်ကြာတော့ ခရမ်းက အမျိုးတစ်စုက စိုက်ခင်းတစ်ခုကနေ ဖရဲသီးတစ်လုံး သယ်လာပါတယ် .. ညီမတို့ကလည်း အော် စိုက်ခင်းထဲကဆို စိတ်ချရပါတယ်ဆိုပြီး ဘာသံသယမှမဝင်ခဲ့ဘူး.. ဒီနေ့မနက်အမေကခွဲတော့ ထပ်ဖြစ်ပါတယ် (အောက်ကပုံက ဒီမနက်အသီးရဲ့အခြေအနေပါ) ဒီဆေးနံ့ပဲထက်ထွက်ပါတယ်

ဘာဆေးတွေမှန်းလဲ လဲမသိပါဘူး အထဲကအသီးကလဲစားလို့မရအောင်ကြေနေတာပါ မကြေခင်အခြေအနေမှာသာခွဲစားမိလိုက်မယ်ဆိုရင် အဲဆေးအာနိသင်တွေလဲ ကိုယ်ထဲဝင်ကုန်မယ်ထင်တယ် ဖရဲသီးဘယ်လောက်ကြိုက်ကြိုက် မဝယ်ရဲတော့ပါဘူး လူလဲတော်တော်ကြောက်နေပါပြီ😅😅

Credit-Tara Justtara

Tips News

error: Content is protected !!