(၂၄) ပစ္စည်းပဋ္ဌန်းတရားတော်ရဲ့ တန်ဖိုးကို အနှစ်သာရရှိရှိရွှတ်ဖတ်ပူဇော်ပြခဲ့တဲ့ (၅) နှစ်အရွယ် သမီးလေး မြမိုးဂင်္ဂါ

မော်ဒယ် သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မြမိုးဂင်္ဂါကတော့ ခုဆိုရင် အရွှယ်ရောက်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးဖြစ်နေပါပြီ။ မိဘ အဘိုး၊ အဘွားတွေရဲ့ သွန်သင်လမ်းပြမှုတွေကြားမှာ သမီးကောင်းရတနာလေးဖြစ်နေတဲ့ မြမိုးဂင်္ဂါကတော့ အရွယ်ငယ်ငယ်လေးနဲ့ (၂၄) ပစ္စည်း ပဋ္ဌန်းတရားတော်ကို ရွတ်ဆိုပွားများတတ်နေပြီပဲဖြစ်ပါတယ်။

မြမိုးဂင်္ဂါရဲ့ အဒေါ်ဖြစ်သူကတော့” ဖွားဖွားကြီးဆိုဆိုနေတဲ့ဘုရားစာလေးသင်ပေးပါဆိုလို့ သင်ပေးလိုက်တာ ခဏပဲ သူရသွားရော။မေမေ့ဘေးမှာ တရားတောင်လိုက်ထိုင်လိုက်သေးတယ်။ ဒါလေးက သူသိပ်အလွတ်မရခင် သူ့အမက ထောက်ပေးနေတာလေး။အခုကတော့ ပဌာန်းအကျယ်တောင် သင်ပေးပါတော့လို့တောင် တောင်းဆိုနေသေးတယ်လေ …. အသက်ရှူတာလည်း ငြိမ်ငြိမ်လေး ထိုင်ရှူတယ်။ သူဘာတွေ မှတ်လဲတော့ မသိပေမယ့် မြင်ကွင်းလေးက ကြည်နူးစရာပါ သမီးလေးရေ ” လို့ မြမိုးဂင်္ဂါရဲ့ ဘုရား၊ တရားအပေါ်ကို စိတ်ဝင်တစားရှိမှုကိုပြောပြလာခဲ့တာဖြစ်ပါတယ်။

ဒီမြင်ကွင်းလေးကြောင့်လည်း ဖခင်ဖြစ်သူ ဘုဏ်းသိုက်တစ်ယောက်” မနက်ဖြန် …ဇန်နဝါရီ ၂၃..သမီးလေး မြမိုးဂင်္ဂါ ၅နှစ်ပြည့်ပြီ..။အခုရွတ်ဆိုနေတဲ့ ပဋ္ဌန်းတရားတော်ရဲ့ တန်ဖိုးနဲ့ အနှစ်အသား..(အဆက်အစပ်) ကို သိသော….ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်သော သူ တစ်ယောက်အဖြစ်ငြိမ်းအေးသောစိတ် ငြိမ်းအေးသော ခန္ဓာကိုယ်ကို သမီးလေး ဘဝ တစ်လျှောက်လုံး ပိုင်ဆိုင်ခွင့်ရပါစေ..။အခြားတစ်ပါးသော သူများ ပိုင်ဆိုင်ခွင့် ရရှိအောင်လည်းစွမ်းဆောင်ပေးနိုင်တဲ့ မိန်းမကောင်း မိန်းမမြတ်ကလေးတစ်ယောက် ဖြစ်ပါစေ..။” လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေပြီးတော့ သမီးလေးနဲ့ပတ်သက်ပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။

သမီးလေး မြမိုးဂင်္ဂါတစ်ယောက် ဖေဖေ၊ မေမေတို့ ချစ်မြတ်နိုးပြီးအားကိုးရတဲ့ သမီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ငယ်ငယ်လေးနဲ့ ဘုရား၊ တရားအပေါ်မှာ စိတ်ဝင်တစားရှိလှတဲ့ သမီးလေး သာသနာအကျိုးတွေလည်း ဆထက်တပိုးထမ်းရွက်နိုင်ပါစေနော်။

အသက် (၅) နှစ်အရွယ် သမီးလေး မြမိုးဂင်္ဂါရဲ့ ပဋ္ဌန်းတရားတော်ရွတ်ဖတ်ပူဇော်ပုံ

Credit-We Love Cele

Tips News

error: Content is protected !!