အသက် (၃၀) အရွယ် ကျောင်းအုပ်ဆရာကြီး၏ မူလတန်းလွန်ကျောင်းသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်

ရောင်စုံခဲတံပူဆာသောကလေးငယ်များကို ဘွားဘွားစီစဉ်ပေးမယ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အသက် (၃၀) အ ရွယ်ကျောင်းအုပ်ဆရာကြီး တာ ၀န်ထမ်းဆောင်နေသည့် ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာ မူလတန်း လွန်ကျောင်းနှင့် လှိုင်သာယာမြို့ နယ်ရှိအခြေခံပညာကျောင်း သုံး ကျောင်းသို့ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဇန်န၀ါရီ ၂၅ ရက်က သွားရောက်ခဲ့သည်။စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ကမှော်ဘီမြို့နယ်တွင် စာ ပေဟောပြောပွဲသွားရင်း တွေ့ဆုံ ခဲ့သည့် အသက်ငယ်ငယ်ဖြင့်ထူးချွန်သောကျောင်းအုပ်ဆရာကြီး အကြောင်းကို အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ရာထိုကျောင်းသို့ ၎င်းကိုယ်တိုင် လာရောက် လေ့လာခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လူထုနှင့်တွေ့ဆုံ တိုင်းတွင် အမျိုးသားများကျောင်း ဆရာလုပ်ရန် မကြာခဏတိုက် တွန်းလေ့ရှိရာ အသက်ငယ်ငယ် ဖြင့် ကျောင်းအုပ်ဆရာကြီးဖြစ် နေသူကို ကိုယ်တိုင်တွေ့လို၍ ထို ကျောင်းသို့ လာရောက်ခြင်းဖြစ် သည်ဟု သိရကြောင်း ကုလားကုန်းကျေးရွာမူလွန်ကျောင်းအုပ် ဆရာကြီး ဦးရန်နိုင်စိုးကဆိုသည်။‘‘ဆရာငယ်ငယ်လေးတွေ ဒီလုပ်ငန်းမှာ တက်တက်ကြွကြွ လုပ်ဆောင်နေတယ်ပေါ့။ ကျောင်းအုပ်ကြီးဆိုတော့ အသက်ငယ်ငယ်လေးလို့ မထင်ဘူးပေါ့နော်။ ကြည့်တော့ ဆရာလေးက ငယ်နေတယ်၊ တက်တက်ကြွ ကြွလည်းအလုပ်လုပ်တယ်ဆိုပြီး ဆရာမဒေါ်သန်းမြင့်အောင်က ပြောပြတော့ အမေက အဲဒါလေး ကို သဘောကျပြီးတော့လာတွေ့ တယ်ထင်တယ်’’ ဟု ဦးရန်နိုင်စိုး ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် သူငယ်တန်းမှ သတ္တမတန်း အထိစာသင်ခန်းအားလုံးသို့ ၀င် ရောက်ကာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီးပညာသင်ကြားမှု၊ ကလေးများ၏ တတ်မြောက်မှု အခြေအနေကိုလေ့လာခဲ့သည်။ သူငယ်တန်း၊ ပထမတန်းစာသင်ခန်းများတွင် ကလေးများနှင့်အတူ ပန်းချီရေးဆွဲခြင်း၊ တရင်းတနှီးစကားပြောခြင်းများ ပြုလုပ်ပြီး ကလေးများက ရောင်စုံခဲတံလိုချင်သည်ဟုပြောသောအခါ ‘‘ဘွားဘွားစီစဉ်ပေးမယ်’’ ဟု ပြောကြားခဲ့ကြောင်း ထိုကျောင်းမှ ပထမတန်းသင်ဆရာမတစ်ဦးကပြောပြသည်။

‘‘စာသင်ခန်းတွေအကုန်လုံး ကို ၀င်ကြည့်သွားပါတယ်။ သင်​ရိုးသစ်ကလေးတွေနဲ့ တရင်းတနှီး တွေ့တယ်။ သူတို့ပန်းချီဆွဲတာ လေးတွေကြည့်တယ်။ လိုအပ် တာလေးတွေမေးတယ်၊ ဘာလို သေးလဲပေါ့။ ရောင်စုံခဲတံတွေ လိုလား၊ စာရွက်တွေကောလို သေးလားပေါ့။ လိုတာလေးတွေ ဆရာကြီးကိုပြောပြော၊ ပူဆာ။ ဆရာကြီးကတစ်ဆင့်ဖြည့်ဆည်း ပေးမယ်လို့ပြောသွားတယ်’’ ဟု ဦးရန်နိုင်စိုးကဆိုသည်။ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် သည် လှိုင်သာယာမြို့နယ် အထ က (၁)၊ အထက (၁၉)၊ အလက (၅) ကျောင်းများသို့လည်း တစ် ဆက်တည်းသွားရောက်လေ့လာ ခဲ့သည်။

Credit-ဆဲဗင်းဒေး

Tips News

error: Content is protected !!