ထင်မှတ်မထားတဲ့ မွေးနေ့လက်ဆောင်ကြောင့် ရူးမတတ်ဖြစ်ခဲ့ရတဲ့ နီလန်း

မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ လူသိများလာခဲ့တဲ့ နီလန်းဟာ မြန်မာအိုင်ဒေါ Season 3 မှာ Top 11 ထိဝင်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာလည်း ပုဂ္ဂိုလ်ရေးအရ ခက်ခဲတဲ့ ရင်ဆိုင်မှုတွေရှိခဲ့တဲ့နီလန်းဟာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး တက်လှမ်းယှဉ်ပြိုင်နေခဲ့သူလည်းဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဂီတလောကမှာ နေရာတစ်နေရာရရှိဖို့ ကြိုးစားနေပြီး ပွဲတွေများစွာကိုလည်း ဖျော်ဖြေနေတာတွေ့ရပါတယ်။

နီလန်းကတော့ မနေ့က ကျရောက်လာတဲ့ သူမရဲ့မွေးနေ့လေးမှာ သူမရဲ့ဖန်တွေက Surprise အကြီးကြီးတိုက်လိုက်တာကြောင့် ရူးမတတ်ပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဘာ Surprise ဆိုတာ ပရိသတ်ကြီးသိကြလား။ နီလန်းကို သူမရဲ့ ဖန်တွေက ပြိုင်ကားတစ်စီးဝယ်ပေးလိုက်ကြတာဖြစ်ပါတယ်။ မြန်မာအိုင်ဒေါ Season 3 မှာ ယခုလိုမျိုးဖန်တွေစုပေါင်းပြီး ကားဝယ်ပေးဖူးတာ နီလန်းနဲ့ဆို (၃) ယောက်မြောက်ရှိခဲ့ပါပြီ။

နီလန်းကတော့ တကယ်ကိုအရူးတစ်ယောက်လိုပဲ အိပ်မက်လား၊ တကယ်လား ဝေခွဲရခက်နေဆဲပါပဲတဲ့။

“အိပ်မက်လား? တကယ်လား? 😭😭Nilen မွေးနေ့လက်ဆောင်အတွက် အမာခံပရိတ်သတ်တွေရဲ့ 🎂 Birthday Surprise 🎂 😲😲 ရူးချင်တယ်တကယ် 😫😫 ပျော်လွန်းလို့ပါ 😭😭 ဘာပြောရမှန်းတောင်မသိတော့ပါဘူး 😑😑😍အားလုံးကို မပြောပြတတ်အောင် ကျေးဇူးတင်ပါတယ်နော်😍Nilen ပြိုင်ကားလေးတစ်စီးပိုင်ဆိုင်ဖူးပြီ 🚗 အပျော်ဆုံးနေ့ပါ😭 God Bless You All ❤️
မွေးနေ့ဆုတောင်းပေးတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်အားလုံးကိုချစ်တယ်❤️” လို့ သူမရဲ့အကောင့်မှာေ၇းသားဖော်ပြထားတာကိုတွေ့ရပါတယ်။

နီလန်းရဲ့ ဒီနှစ်မွေးနေ့လေးကတော့ ဖန်တွေရဲ့ အားပေးမှု၊ လက်ဆောင်တွေနဲ့တင် ပျော်ရွှင်ဖွယ်အတိဖြစ်သွားခဲ့တာသေချာပါတယ်နော်။Happy Birthday ပါနော်နီလန်း။

Credit-We Love Cele

Tips News

error: Content is protected !!