ထိုင်းမှာ မူးယစ်မှု၊ငွေကြေးခဝါချမှုတွေနဲ့ မြန်မာနိုင်ငံသား အမျိုသမီးကို သေဒဏ်ချ 

ထိုင်းနိုင်​ငံတွင်​ မူးယစ်​​ဆေး​ရောင်းဝယ်​ဖြန့်​ဖြူးမှု၊ ​ငွေ​ကြေးခဝါချမှုတို့ဖြင့်​ တရားစွဲဆိုခံထားရသည့် မြန်​မာနိုင်​ငံသား အသက်​ ၄၃နှစ်​အရွယ်​ ​ဒေါ်မြင့်​သိန်း​အေးကို ဘန်​​ကောက်​မြို့ တရားရုံးက ယမန်​​နေ့တွင်​ ​သေဒဏ်​ အမိန့်​ချမှတ်​လိုက်​သည်​။” တာချီလိတ်​မြို့က အမျိုးသမီးလို့ သိရပါတယ်​။ သူက မူးယစ်​​ဆေးဝါး​ရောင်းဝယ်​ပြီး ရတဲ့​ငွေ​တွေကို ​​ငွေမဲက​နေ ​ငွေဖြူဖြစ်​​အောင်​ လုပ်​တယ်​လို့ ထိုင်းတရားသူကြီးက သုံးသပ်​တာ​ပေါ့။ ထိုင်းမှာက အဲလိုအမှု​တွေဆို ​သေဒဏ်​​ပေးတာ ဖြစ်​တယ်​ “ဟု ဘန်​​ကောက်​မြို့ရှိ မြန်​မာပြည်​ပအလုပ်​အကိုင်​ဝန်​​ဆောင်​မှု လုပ်​ငန်းရှင်​များ အဖွဲ့ချုပ်​ MOEAF အဖွဲ့၏ ​ရှေ့​နေ ဦး​အောင်​မျိုးသန့်​က ​ပြောသည်​။

ထိုင်းရဲတပ်​ဖွဲ့သည်​ ​ဒေါ်မြင့်​သိန်း​အေးကို ၂၀၁၆ ကတည်းက လိုက်​လံစုံစမ်း​ထောက်​လှမ်းခဲ့ပြီး ၂၀၁၇ နိုဝင်​ဘာလတွင်​ ဖမ်းဆီးခဲ့ခြင်းဖြစ်​​ကြောင်း ဘန်​​ကောက်​ပို့စ်​ သတင်းတွင်​ ​ဖော်​ပြထားသည်​။

Credit-ဆဲဗင်းဒေး

Tips News