အိပ်​ခန်းအတွင်း သီဟတင်​စိုး ဝင်​​လာ​​စေဖို့ ​တံခါးကို ဖွင့်​ထားခဲ့ကြောင်း ခင်​မာမြင့် ဝန်ခံ

သုဝဏ္ဏနယ်မြေ ရဲစခန်းမှူး ရဲအုပ်သန်းနိုင်က အိမ်အကူ ခင်မာမြင့်​ကို ပုဒ်​မ ၂၁၁ ဖြင့်​ စွဲဆိုထား​သော အမှုမှ တရားလိုပြသက်​​သေအဖြစ်​ သင်္ဃန်းကျွန်းမြို့နယ်​၊ ကြီးပွား​ရေးရပ်​ကွက်​မှ ရာအိမ်​မှူး ဦး​အောင်​ကြည်​ဝင်းကို ရန်​ကုန်​မြို့၊ သင်္ဃန်းကျွန်းမြို့နယ်​တရားရုံး၌ စစ်​​ဆေးခဲ့ခြင်းဖြစ်​သည်​။ လိမ်​လည်​တိုင်​တန်းမှု ပုဒ်​မ ၂၁၁ အတွက်​ ခင်​မာမြင့်​မှ သုဝဏ္ဏနယ်​​မြေ ရဲစခန်းမှူး​ရှေ့၌ ​​ဖြောင့်​ချက်​​ပေးရာတွင်​ ဦး​အောင်​ကြည်​ဝင်းမှာ မှတ်​တမ်းရယူခဲ့သူဖြစ်​သည်​။အိပ်​ခန်းအတွင်းသို့ သီဟတင်​စိုး ဝင်​​ရောက်​​စေရန်​တံခါးကိုဖွင့်​ထား​ခဲ့ကြောင်း ခင်​မာမြင့်​ ​ဖြောင့်​ချက်​​ပေးခဲ့ ။ ​ပွဲစား ​ဒေါ်ညိုသင်​ကြားခဲ့သည့်​အတိုင်း အိပ်​ခန်းအတွင်းသို့ သီဟတင်​စိုး ဝင်​​ရောက်​​စေရန်​ တံခါးအား ဖွင့်​ထား​ခဲ့ကြောင်း ခင်​မာမြင့်​က ရဲထံဖြောင့်​ချက်​​ပေးခဲ့သည်​ဟု တရားလိုပြသက်​​သေ ရာအိမ်​မှူး ဦး​အောင်​ကြည်​ဝင်းက ယ​နေ့ တရားခွင်​တွင်​ ထွက်​ဆိုခဲ့သည်​။

အခင်းဖြစ်​​နေ့ ည ၈ နာရီ​ကျော်​ခန့်​က သီဟတင်​စိုး ​နေအိမ်​သို့ တစ်​ဦးတည်း ပြန်​လာပြီး ဧည့်​ခန်း၌ထိုင်​​နေစဉ်​ ​ဒေါ်ညိုသင်​​ပေးသည့်​အတိုင်း အိပ်​ခန်းတံခါးကို အနည်းငယ်​ ဟထားခဲ့​ကြောင်း၊ သို့​သော်​ သီဟတင်​စိုးမှာ ​ဧည့်​ခန်းမှ ၄င်း၏ အလုပ်​ခန်းသို့ ဝင်​​ရောက်​သွားခဲ့​ကြောင်း၊ ည ၉ နာရီခွဲတွင်​ ဇင်​မာဦးနှင့်​ သူ၏ သားသမီးများ အပြင်​မှ ပြန်​​ရောက်​လာပြီး သီဟတင်​စိုးနှင့်​အတူ ​နေအိမ်​ အ​ပေါ်ထပ်​သို့ တက်​သွားခဲ့​ပြီး​နောက်​တစ်​​နေ့ နံနက်​ ၇ နာရီခွဲအချိန်​တွင်​ ​တာ​မွေမြို့နယ်​ရှိ ​ဒေါ်မြင့်​​၏ ​နေအိမ်၌ ​ဒေါ်ညိုနှင့်​သွား​ရောက်​​တွေ့ဆုံကာဖြစ်စဉ်အား ​ပြောပြခဲ့​ကြောင်း၊ ​ဒေါ်ညိုက ၄င်းက သင်​​ပေးသည့်​ အတိုင်းလိမ်​လည်​ထွက်​ဆိုကာ ​ငွေ​ကြေး​တောင်းရန်​နှင့်​မရပါကအမှုဖွင့်​ရန်သင်​​ပေးသည့်​အတိုင်း လိုက်​ပါ​ဆောင်​ရွက်​ခဲ့​ကြောင်းခင်မာမြင့်​ကရဲထံ ​​ဖြောင့်​ချက်​​ပေးခဲ့သည်​ဟု ဆိုသည်​။

ယ​နေ့ ရုံးချိန်းတွင်​ သရုပ်​​ဆောင်​ ဇင်​မာဦးက တရားလိုပြု၍ အိမ်​အကူ ခင်​မာမြင့်နဲ့ ပွဲစား​ဒေါ်ညိုအား ပုဒ်​မ-၃၈၉ဖြင့်​ စွဲဆိုထား​​သော အမှုကိုလည်း စစ်​​ဆေးခဲ့ပြီး ​ဒေါ်ဇင်​မာဦး၏ အမ ​ဒေါ်​ကေသီဦးက တရားလိုပြသက်​​သေအဖြစ်​ လာ​ရောက်​ထွက်​ဆိုခဲ့သည်​။အမှုကို လာမည့် ဇန်​နဝါရီ ၂၈ရက်​တွင်​ ဆက်​လက်​စစ်​​ဆေးရန်​ ချိန်းဆိုခဲ့သည်​။

Credit-The Standard Time Daily

Tips News

error: Content is protected !!