နိုင်ငံအတွက် ဆုတံဆိပ်တွေပြန်ယူပေးချင်နေတဲ့ လမ်းဘေးမှာတောင်းစားနေရသူ ရွှေတံဆိပ်ဆုရှင်မလေး

၂၅ ကြိမ်မြောက် အားကစားပွဲတော်မှာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးခဲ့တဲ့ မိန်းကလေးတစ်ဦးဟာ လက်ရှိအချိန်မှာတော့ တောင်းစားတဲ့အလုပ်တစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ်။ ကံအကြောင်းမလှစွာနဲ့ပဲ အာဆီယံပြိုင်ပွဲကိုဝင်ပြိုင်ဖို့ မဖြစ်နိုင်ခဲ့တော့တဲ့ သူမကို သူမမိဘတွေက ဆုတံဆိပ်တွေက ထမင်းစားလို့မရဘူးလို့ ပြောလာခဲ့ကြပါတယ်။

မိဘတွေက သူမကို အလုပ်ပဲပြန်လည်လုပ်စေချင်တာကြောင့် သူမအလုပ်ကိုပြန်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ (၂) နာရီကျော်ကြာ ဘတ်စ်ကားစီးပြီးသွားရတဲ့နေရာတစ်ခုမှာ သူမအသက်မွေးဝမ်းကြောင်းပြုဖို့ပါပဲ။ တောင်းလို့လည်းကောင်း၊ ဈေးနဲ့လည်းနီးတဲ့အပြင် အခြားသောအလှူခံတွေလည်းရှိတဲ့ အဲဒီနေရာလေးမှာ အခင်းတစ်ခုခင်းပြီး သူမရဲ့အလုပ်ကို စတင်ခဲ့ပါတယ်။

တစ်ရက်ကို တောင်းလို့ရတဲ့ငွေ (၈) ထောင်လောက်ရတဲ့အတွက် မိသားစုကို ပြန်ထောက်ပံ့ပေးနိုင်တာကြောင့် သူမပျော်ရွှင်ခဲ့ပါတယ်။ဘဝပေးအခြေအနေအရ ဒီလိုအသက်မွေးဝမ်းကြောင်းမှုကို မဖြစ်မနေ လက်ခံထားရပေမယ့် တချိန်ချိန်မှာတော့ လေ့ကျင့်ခန်းတွေပြန်ဆင်းပြီး သူမတိုင်းပြည်အတွက် ဆုတံဆိပ်တွေ ရယူပေးချင်တဲ့စိတ်ကတော့ သူမရဲ့ အတွေးထဲမှာ အမြဲတမ်းရောက်ရှိနေခဲ့ပါတယ်။

သူမရဲ့ ဗီဒီယိုကိုကြည့်ရှုရန်

မှတ်ချက်-လွန်ခဲ့တဲ့ (၃) နှစ်က Yangon Photo Festival က ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာဖြစ်ပါတယ်။

Tips News