အမဲသားစားမိတဲ့အရူးတွေ အကြောင်း ဖောက်သည်ချလိုက်တဲ့ မိုင်းမိုင်းဆန်

မကြာသေးခင်က ပရိသတ် ရဲ့ အာရုံစိုက်ခံရခြင်း ကို ဝက်ဝက်ကွဲတဲ့ အထိရရှိခဲ့တဲ့နာမည်လေးလုံး နဲ့ အဆိုတော် တစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ အဆိုတော် ရဲ့ ဖက်ရှင်တွေ နဲ့ သီချင်းတွေ ဟာ လူမှုကွန်ရက်ပေါ်မှာ အဝေဖန်ခံရဆုံးဖြစ်လာတဲ့အပြင် မီဒီယာတွေရဲ့ အသားပေးဖော်ပြမှုတွေလည်း တချိန်တည်းဆိုသလို ရရှိလာခဲ့တာပါ ။ အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး Myanmar Idol Season(2) က အဆိုတော်မလေး မိုင်းမိုင်ဆန်က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အပီအပြင်ထောက်ပြဝေဖန်လိုက်ပါတယ်။

မိုင်းမိုင်ဆန် က “အရင်တစ်ယောက်နှစ်ယောက်က ဘယ်လောက်ပရိသတ်ဆဲဆဲသူတို့ရဲ့အနုပညာရူးသွပ်မှု ကိုကိုယ်ချင်းစာလို့ရတယ်..နားလည်ခံစားလို့ရတယ်..ကြိုးလည်းကြိုးစားကြတယ်…သူတို့ရိုးတာ ကိုလည်းခံစားမိတယ်…အခုတစ်ယောက်က ဘာလဲဟခေါင်းစဉ်တောင်ရှာမရဘူး ပြောဖို့ကို…စောက်ရမ်းတွေ အောလီဆန်ပြီး ဖြစ်ချင်တိုင်းဖြစ် လုပ်ချင်တိုင်းကိုလုပ်နေတော့တာဘဲ…အနုပညာပေါ်ရိုးသားစိတ် ရူးသွပ်စိတ်လုံးဝကိုမရှိဘူးတမင်ပေါ်ပင်ကြိုက်တဲ့ နိုင်ငံမို့ ရတဲ့နည်းနဲ့ attention ၀င်ယူတာလို့မြင်တယ်..ကဲခုကိုယ်တောင်မနေနိုင်မထိုင်နိုင် attention မိပြီးရေးမိပြန်ပြီလေ..မီဒီယာ(တချို့) တွေရယ် တခြားတကယ်ကြိုးစားနေတဲ့သူတွေ ပလက်ဖောင်းပေါ်က ဂုံးတံတားတွေအောက်က လူငယ်တွေရှိပါတယ်အများကြီး…လုပ်ပါသူတို့တွေကို ဗျူးကြပါ…အခုဟာက အရူးအမဲသားကျွေးမိသလိုဘဲ… တခြားလိုက်တွေးမနေနဲ့ အမဲသားစားမိတဲ့အရူးက လိုက်ဗျူးနေတဲ့ မီဒီယာတွေဖြစ်နေပြီနော် သတိကောထားမိလား…သူကကျွေးနေတာ သူကဒါတွေလိုချင်လို့ လုပ်ချင်တိုင်းလုပ်ဖြစ်ချင်တိုင်းဖြစ်ပြနေတာကို တကယ်သူ့ဆီအရောက် လေးလေးနက်နက်ကိုသွားဗျူးကြတာနော်…ဒီအရသာကိုကောင်းကောင်းသိသွားတဲ့သူကတော့ အမဲသားတွေ ဆက်ကျွေးဦးမှာပေါ့…စားတဲ့သူတွေကလည်းပျော်ပျော်ကြီးဆက်စားပြီးငါတို့နိုင်ငံကလည်း ပျော်ပျော်ကြီး ဆက်ရိုင်းနေကြဦးမှာပေါ့… Fb တခွင်ပြဲပြဲစင် မြန်မာ့ အဆဲစုံများနှင့်ထုံမွှန်းဝေစည်နေဦးမည်လေ….ကိုယ်လည်းဘာကောင်မ မှ တော့မဟုတ်ပါဘူးအငြိမ်မနေနိုင်၍ ရေးမိ ၏.”လို့ရေးသားထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မိုင်းမိုင်းဆန် နဲ့ ခံစားချက် တူညီကြတယ်ဆိုရင် မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါနော်။

Tips News