မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားက Line Walker နေ့တဝက်စာ စရိတ်ပဲရှိတယ်ဆိုတဲ့ လွင်မိုး

အနုပညာအလုပ်တွေလှုပ်ရှားမှုအင်မတန်နည်းသွားပေမယ့် လူတွေရဲ့ရင်ထဲမှာစိုးမိုးထားဆဲဖြစ်တဲ့ သရုပ်ဆောင်လွင်မိုးကတော့ လတ်တလောမြန်မာ့ရုပ်ရှင်ရဲ့အခြေအနေကို မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေအတွက်ပြန်ပြောလိုက်ပါရစေ။

ကိုယ်တို့လုပ်ရတဲ့အလုပ်ကဘောင်အရမ်းကျဉ်းတယ်။ ဒါရိုက်တာကလည်းပြီးအောင်ရိုက်ရတယ်။ မင်းသားမင်းသမီးကလည်းပါရဦးမယ်။ အဲ့ဒီဇာတ်ကလည်းပိုက်ဆံရရဦးမယ်။ ပေးတဲ့အကုန်ခံထားတဲ့ကုန်ကျစရိတ်ကလည်း Line Walker နေ့တဝက်စာလောက်ပဲရှိတယ်။ ကဲရှင်းရှင်းပြောရင်။ ဒါနဲ့ငါတို့ရပ်တည်နေရတာ။ (စဉ်းစားလျက်) အဲ့တော့ပြောချင်တာက တိုင်းပြည်နဲ့လည်းဆိုင်တယ်။ မင်းတို့မင်းတို့မင်းတို့တွေနဲ့လည်းဆိုင်တယ်။ မင်းတို့အခုဒီမှာအင်တာဗျူးလုပ်နေတယ် ဘယ်လောက်ရလဲ ။ နိုင်ငံတကာမှာဘယ်လောက်ရလဲ ။အခုညီလေးတို့လွှတ်တဲ့မီဒီယာကဘယ်ကိုသွားလဲ နိုင်ငံတကာမီဒီယာ ဘယ်ကိုသွားလဲ အကုန်လုံးကဆက်စပ်မှုရှိတယ်။ နောက်တစ်ခုကတော့ အဖွဲ့အစည်းတွေ၊အသင်းအဖွဲ့တွေ အားနည်းချက်ရှိတယ်။ အားသာချက်ရှိတယ်။ကျနော်တို့ရုပ်ရှင်က ဒါလေးတွေနဲ့ရုပ်ရှင်လုပ်ရတာဗျ ။အဲ့ဒီတော့ ပြောချင်တာတစ်ခုကတော့ ဒီအဖွဲ့အစည်းတစ်ခုသော်လည်းကောင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိနဲ့ရိုက်ထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ နားလည်ပေးပါ ခွင့်လွှတ်ပေးပါ ။လို့ပဲ ကျနော်ပြောချင်ပါတယ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အကယ်ဒမီနဲ့ပတ်သတ်ပြီးတော့လည်း “ ဒီနှစ်ကတော့ကောင်းတာပေါ့ ဟိုဘက်ကလည်းStar Awardဆိုတာလေးကလည်းရှိလာတဲ့အခါကျတော့ ဒီဘက်က အကယ်ဒမီကလည်းအရင်က လမ်းသာသာလေးလျှောက်နေရာကနေ ပြေးလာရတဲ့အနေအထားဖြစ်သွားတာပေါ့ကြိုးစားရတာပေါ့။ အဲ့ဒီတော့ပြိုင်ဆိုင်မှုလေးရှိလာရင်တော့ထူးခြားမှုဆိုတာဖြစ်လာမှာပါ။ အဲ့တာကြောင့်မို့ကျနော်ကတော့ကောင်းလာမယ်လို့မျှော်လင့်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့သလို အကယ်ဒမီခန့်မှန်းချက်ကိုပြောပြပေးပါဆိုတော့ “စာရင်းအတိအကျရှိပါတယ်။ ပြောပြလိုက်ရင်ကိုယ့်ကြောင့်ပေါက်ကြားသွားတယ်ဖြစ်မှာစိုးလို့”ဆိုပြီး ဟာသလုပ်ပြီးပြောပြသွားခဲ့ပါတယ်။

Credit – nanmalgyi

Tips News