ပင်စင်လာထုတ်ကြတဲ့ အဘိုးနဲ့အဘွားတို့နှစ်ယောက်ရဲ့ ကြက်သီးထဖွယ်ကောင်းလောက်တဲ့ သူငယ်ချင်းသံယောဇဉ်

ဒီမနက် လဘ္ကက်ရည်ဆိုင်ထိုင်တယ် ။ ဆိုင်ထဲစားပွဲဝိုင်းတွေက့ူအပြည့် ကိုယ်ထိုင်တဲ့ဝိုင်းမှာ ကို တစ်ယောက်ထဲ ။ အဲ့ဒီမှာ အဖိုးနဲ့အဖွား နှစ်ယောက်က ကိုယ့်ဝိုင်းမှာလာထိုင်တယ် ။အဖိုးက ကိုသောက်ဖို့ရေနွေးခွက်ငှဲ့ပေးတယ် ။ ကိုသတိမထားမိလိုက် ။ ကိုကဖုန်းတစ်လုံးနဲ့ တကမ္ဘာလုံးကိုကြည့်နေတာကိုး….အဖိုးနဲ့အဖွား စကားပြောတာတွေ တစွန်းတစကြားမိတယ် သူတို့က ငယ်သူငယ်ချင်းတွေ….အဖွားက သူ့သားပင်စင်ကိုလာထုတ်တာတဲ့ ပင်စင်လစာ တစ်သောင်းတိုးလို့ သူ့သူငယ်ချင်းအဖိုးကို လဘ္ကက်ရည်လာတိုက်တာတဲ့…

အဖိုးကလဲ စစ်မှုထမ်းဟောင်း သူကလဲပင်စင်လာထုတ်တာတဲ့ ။ပေါက်ဆီ တစ်လုံးကို အဖွားကစားချင် အဖိုးကိုပြောတယ်။ဟဲ့ ငါ တစ်လုံးလုံးမကုန်ဘူးဟဲ့ တဲ့…..အဖိုးက ဒါဆိုတယောက်တဝက်စားမယ်လေ တဲ့……သူတို့ ငယ်သူငယ်ချင်းတွေ ပေါက်ဆီစားကြ လဘ္ကက်ရည်သောက်ကြပေါ့ ….ပီးတော့ သူတို့စားသမျှရှင်းဖို့လုပ်ကြတယ်….အဖွားကသူ့ချွေးခံအိပ်ထဲက ပိုက်ဆံထုတ်တယ်။အဖိုးက မင်းမှာပါလို့လား မေးတယ်….အဖွားက ပါတာပေါ့တော် ခရီးသွားရင်အမြဲ ၂၀၀၀ ပါတယ်တဲ့….လက်ကိုင်ပုဝါအသေးလေးနဲ့ တစ်ထောင်တန် ၂ ရွက်ကိုလိပ်ပီးသိမ်းထားတာကိုထုတ်ပြရှာတယ်။အဖိုးကပြောရှာပါတယ် ။ငါ ပင်စင်ထုတ်ပီးရင် မင်းကိုငါပြန်တိုက်ပါ့မယ် တဲ့။

ကျွန်တော်သူတို့နှစ်ယောက်ကိုမြင်မိကြည့်မိပီး ငယ်သူငယ်ချင်းဆိုတာကို ငတ်မွတ်သွားတယ်…ဘယ်မှာလဲ? ဒီအသက်အရွယ်ထိ ရှိနေမယ့် ငယ်သူငယ်ချင်းတွေ…သူတို့လို ငယ်သူချင်းတွေနဲ့ တခါခါ လဘ္ကက်ရည်အတူသောက်ရရင် အရသာဘယ်လိုနေမလဲ.,?အဖိုးတို့စားသောက်ထားသမျှ မရှင်းပါနဲ့ ကျွန်တော်အားလုံးရှင်းပေးလိုက်ပါပီ လို့ပြောလိုက်တော့ နှစ်ယောက်လုံး ဆုတွေဝိုင်းပေးလိုက်ကြတာ ရင်ခွင်နဲ့တောင်မဆန့်တော့…တကူးတကလှူ မှအလှူ မဟုတ်ပါဘူး ကုသိုလ်ယူတတ်ရင် အလှူ မြောက်တာပဲမဟုတ်လားခန်းခန်းနားနားဖြစ်ဖို့လဲ မလိုမှမလိုအပ်တာပဲလေဗျာ….အလှူ ဆိုတာ…

နွေဝေ

Tips News

error: Content is protected !!