လက်ထပ်ပြီးသွားတာ (၉) လကျော်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

မြန်မာ့ဂုဏ်ဆောင် အားကစား သမားတစ်ဦးဖြစ်တဲ့ အောင်သူကတော့ မြန်မာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရော ပရိသတ် အချစ်တွေကိုပါ ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့အပေါ်ကို အရမ်းချစ်တတ်တဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ အောင်သူကတော့ ဒီနေ့လေးမှာ ချစ်သူပိုးအိအိခန့်နဲ့ လက်ထပ်ပြီးတာ (၉) လကျော်ပြီလို့ ပရိသတ်တွေကို ထုတ်ပြောလာကြောင့် အားလုံးက အံ့အားသင့်ခဲ့ရတာပါ။ အောင်သူနဲ့ ပိုးအိအိခန့်တို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်းနဲ့ (၉) လပြည့် Anniversary လေးရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ကြည်နူးစွာ ရေးသားထားတာပါ။

ချစ်ပရိသတ်တွေအတွက် လက်ထပ်ပြီးသွားတာ (၉) လကျော်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်စရာမင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ချစ်သူနဲ့လက်ထပ်ထားတာ ၉လကျော်ပြီဆိုတဲ့အကြောင်း “ကို ဖောင်းတို့ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ ဖောင်းတို့ရဲ့ အချစ်တွေ ဘယ်တော့မှလက်တွဲမဖြုတ်တော့ဘူးဆိုတာရယ် တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်တော့ဘူးဆိုတာ သေချာခဲ့လို့လို့ ကိုပြောခဲ့ဖူးတယ်နော် ဘာလိုလိုနဲ့အခုဆို လက်ထပ်ခဲ့တာ ၉လတောင်ကျော်ပြီ…..ဖောင်းတို့ နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ဖောင်းတို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့အပေါ်မှာကြည့်ပြီးဆုံးဖြတ်လို့ရပါတယ် ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဖောင်းဘေးမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုရယ် အခုလိုလေးပဲ အမြဲတမ်းတစ်သက်လုံးရှိနေမယ်လို့လည်း ဖောင်းယုံကြည်ပါတယ်❤️Happy 9th Monthsary Marriage Life ❤️ ပါကို Love u damn much Ko❤️❤️❤️ Aung Thu” ဆိုပြီး ကြည်နူးစွာ ထုတ်ပြောလာတာပါ။

အောင်သူကလည်း ” ဖောင်းလေးရေ ဘာလိုလိုနဲ့ကိုတို့လက်ထပ်ထားတာ အခုဆို၉ လတောင်ကျော်ခဲ့ပြီနော် ကိုတို့နှစ်ယောက်တွက်ဝေဖန်ပြောဆိုခြင်းတွေလည်းအများကြီးရှိခဲ့တယ် တိုက်ခိုက်ခံရခြင်းတွေလည်းရှိခဲ့တယ် ဒါပေမယ့်ဘာမှမဖြစ်ပါနဲ့ဖောင်းရယ် နားလည်ပေးလိုက်ပါနော် အဓိကက ကိုတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်သစ္စာရှိဖို့ရယ် တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိဖို့ရယ်ကအရေးကြီးဆုံးပါပဲ အဲ့ဒါမျိုးလေးတွေ တည်ဆောက်သွားမှနောင်တစ်ချိန်မှာ ကိုတို့နှစ်ယောက်လိုချင်တဲ့ ရိုးရှင်းတဲ့မိသားစုဘဝလေးရမှာဖောင်းရဲ့ ကိုသူများတွေလိုစကားလုံးလှလှလေးတွေတော့မပြောတတ်ပါဘူး ဒါပေမဲ့ ကိုဖောင်းကိုချစ်တယ် ဖောင်းနဲ့ပက်သက်ရင် ကို့ခေါင်းထဲမှာအတွေးတွေအများကြီးရှိပြီသားပါဖောင်းရေအရင်တုန်းကတော့ချစ်တယ်ကြိုက်တယ်ပေါ့ ခုတော့တစ်ဆင့်တိုးသွားပြီ ဆိုးတူကောင်းဖက် တူတူရင်ဆိုင်ရမဲ့ချိန်ဖြစ်သွားပြီဖောင်း ဘာပဲဖြစ်ဖြစ်တွဲလက်မဖြုတ်ကျေးနော် ဘာတွေဘယ်လိုပဲ ဖြစ်လာဖြစ်လာ ကို ဖောင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးမယ်နော် သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ကိုရယ်ဖောင်းရယ် ဆက်ပြီး တည်ဆောက်သွားကြမယ်နော် ❤️Happy 9th Monthsary Marriage Life ❤️ပါဖောင်းလေး Poe Ei Ei Khant” ဆိုပြီး ro ဆန်ဆန် ရေးသားထာတာပါ။

ချစ်ပရိသတ်တွေလည်း အချစ်တွေများစွာနဲ့ နှစ်ကိုယ်တူဘဝတစ်ခုကို တည်ထောင်လိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ဦး ရိုးမြေကျ ပေါင်းသင်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Tips News