ဦးကင်းကောင်ရဲ့နောက်ဆုံးခရီးကို လိုက်ပါမပို့ဆောင်နိုင်ခဲ့လို့ ဝမ်းနည်းဆုတောင်းစကားဆိုလာတဲ့ ဦးမန်းဝင်း

တစ်ချိန်က အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ဘူးတဲ့ ဦးကင်းကောင် ဆုံးပါးသွားခဲ့ရလို့ ဦးမန်းဝင်းတစ်ယောက် တော်တော်လေး စိတ်မကောင်း ဖြစ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ဦးမန်းဝင်းဟာဆိုရင် ဦးကင်းရဲ့ နောက်ဆုံးခရီးကို လိုက်ပါပြီး မပို့ဆောင်နိုင်ခဲ့တာကြောင့် ဝမ်းနည်းဆုတောင်းစကားလေးနဲ့ပဲ အိမ်ကနေ နှုတ်ဆက်လိုက်ရတာပဲ ဖြစ်ပါတယ်။

ဦးကင်း ဆုံးပါးကွယ်လွယ် သွားတာနဲ့ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်နေခဲ့ရတဲ့ ဦးမန်းဝင်းကတော့ ” မောင်ကင်းအတွက် ဦးမန်းရင်ထဲမှာ တစိမ့်စိမ့်တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်။ ပြည်သူချစ်တဲ့ အနုပညာကြယ်တစ်ပွင့် ကြွေလွင့်သွားပြီဆိုတာ သိလိုက်ရတော့ ကြေကွဲမိတယ်။ ဦးမန်း ကျန်းမာရေးမကောင်းလို့ လာမပို့နိုင်တာ ခွင့်လွှတ်ပါ။ ”

” သရဲလေးကောင်ထဲက နှစ်ကောင်လျော့သွားပြီပေါ့နော်။ ဦးမန်းလည်း လက်မှတ်ရထားပြီးပါပြီ။ သွားနှင့်ဦးပေါ့ မောင်ကင်းရေ။ လူရွှင်တော်သက်ကြီးပူဇော်ပွဲတုန်းက လက်ကလေးကိုင်လို့ လေးလေးမန်း ကျွန်တော်နေကောင်းသွားပြီ။ ကျန်းမာရေးဂရုစိုက်နော်လို့ ပြောသွားတာလေး သတိရနေမိတယ် မောင်ကင်းရယ်။ ဒါရိုက်တာမောင်သီ ဆုတောင်းပေးသလို ကင်းကောင်က ကောင်းကင်ကိုရောက်နိုင်ပါစေလို့ ဦးမန်းဆုတောင်းပေးလိုက်ပါတယ်။ ” ဆိုတဲ့ စာသားလေးနဲ့ ဦးမန်းဝင်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့လို့ အိမ်ကနေပဲ နှုတ်ဆက်စကားဆိုပြီး ဝမ်းနည်းကြေကွဲနေခဲ့ရတဲ့ ဦးမန်းဝင်းရဲ့ စာသားလေးကို ဖတ်ရင်းခံစားမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : Momolay

Tips News