Shwe Htoo

အနုပညာနယ်​ပယ်​တစ်​ခုစီက​နေ ပရိသတ်​​တွေရဲ့ လက်​ခံအား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးနဲ့တစ်​ဦး နှစ်​နှစ်​ကာကာ ချစ်​မိသွားကြတာမို့ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို နှစ်​ကိုယ်​တူ ပုံ​ဖော်​​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​ရွှေမှုံရတီက​ ​တချို့​သောသူ​တွေရဲ့ ပြင်းထန်​တဲ့ ​ဝေဖန်​မှု​တွေ​ကြောင့်​ ပင်​ပန်း​နေရှာတဲ့ ခင်​ပွန်းဖြစ်​သူကို နှစ်​သိမ့်​ထားတဲ့ စာ​လေးတစ်​​စောင်​ကို လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ တင်​ထားတာ ​တွေ့ရပါတယ်​။

အဆိုပါစာ​လေးရဲ့​အောက်​မှာ​တော့ ​ယောက်ျားကို အစိုးရိမ်​လွန်​ပြီး စိတ်​ပူ​နေရှာတဲ့ ဇနီးသည်​​လေးကို Psysho ​တွေမ​များဖို့နဲ့ ချစ်​ဇနီး​လေးအတွက်​ သူအမြဲရှိတယ်​ဆိုတဲ့အ​ကြောင်း ပြန်​လည်​​ရေးသားထားတာ ​တွေ့ရပါတယ်​။

ရွှေမှုံရတီက​တော့ “ယောကျာ်း ပင်ပန်းနေပြီလား လူတွေရဲ့ပြောဆိုခံရမှုတွေကြောင့် ရင်ဘတ်တွေအောင့်နေပြီလား အားတင်းထားပါယောကျာ်းရယ် မိန်းမိန်းရှိတယ်နေ ကျားကျား မိန်းမိန်းကို​​ပျော်အောင်ထားနေပေမဲ့ ကျားဘယ်လောက်ထိစိတ်ပင်ပန်းနေမလဲမိန်းသိပါတယ် ကလေးရယ် ဘယ်သူတွေဘာပြောပြော ကျားကျားက မိန်းမိန်းယောကျာ်းပါပဲ မိန်းအတွက်တော့ အတော်ဆုံးနဲ့ယောကျာ်း အဆန် ဆုံးယောကျာ်း တစ်ယောက်ပါ အားလုံးပြောသမျှတွေက ဘောင်မဝင်ပါဘူး ကလေးရယ် ယောကျာ်းကိုချစ်သော ဇနီးတစ်ယောက်အနေနဲ့သာရေးသားခြင်း ဖြစ်သည် အမှားပါခဲ့ရင် အားလုံးတောင်းပန်ပါတယ်” ဆိုပြီး ခင်​ပွန်းကို စိတ်​ပူပြီး လူမှုကွန်​ယက်​မှာ တင်​ထားခဲ့တာပါ။

 

အဆိုပါစာ​လေးနဲ့ပတ်​သတ်​ပြီး ​ရွှေထူးက “Psycho တွေများမနေနဲ့ ငါ့မိန်းမ… အရမ်းချစ်တယ်… အဲ့တာကိုပဲမှတ်ထား ယောင်္ကျားအမြဲတမ်းရှိတယ်နော်” ဆိုပြီး ​ယောက်ျား​ကောင်းတစ်​ဦးပီပီ ချစ်​ဇနီး​လေးရဲ့​ရှေ့က ရပ်​တည်​​ပေးခဲ့တာပါ။

ရွှေထူးနဲ့ ​ရွှေမှုံရတီ​လေးတို့ နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က ချစ်​သူနဲ့ လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ ​​ချစ်​ပရိသတ်​​တွေလည်း အိမ်​​ထောင်​ပြုပြီးမှ ပိုပိုပြီးချစ်​လာကြတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးကိုချစ်​ရင်​ share သွားကြဖို့မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Mhone Yati & Htoo Khant’s Facebook

Tips News

error: Content is protected !!