အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဝေဖန်လိုက်တဲ့ ဆုပန်ထွာ

အိမ်ထောင်ကျပြီး ငြိမ်းချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်နိုင်သရွေ့ဆက်လုပ်နေတဲ့ ပြည်သူချစ်တဲ့ မင်းသမီးဆုပန်ထွာတို့ ဇနီးမောင်နှံနဲ့We Enterainment ရဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေရှိပါတယ်။ သူ့တို့ပြောပြသွားတဲ့အကြောင်းတွေကို ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

Relationship တစ်ခုမှာ ဘယ်အရာကအရေးကြီးဆုံးလဲ ဆိုတဲ့မေးခွန်းကိုဆုပန်ထွာက “ အဓိကကတော့ အစ်ကိုအစ်မအပေါ်မှာအရမ်းချစ်လို့ပါ။ သူချစ်လို့လည်း အစ်မသူ့ကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖြစ်ခဲ့တာ။ဆိုတော့အစ်မအပေါ်မှာစိတ်ချမ်းသာအောင်သူထားတယ်။အစ်မပျော်အောင်သူနေပေးတယ် ။ အများကြီးသူပြုပြင်ပြီးတော့ သူ အစ်မစိတ်ကလေးနဲ့သူနေပေးလို့သာ အစ်မတို့( စဉ်းစားလျက်) အဓိကကတော့ အိမ်ထောင်ဦးစီးပေါ့နော် ဒါအစ်အသူ့ရှေ့မှာလည်းပြောတယ်။ သူကွယ်ရာမှလည်းပြောတယ်။ အစ်မကိုချစ်တဲ့အတွက်ကြောင့်မို့အစ်မရဲ့အိမ်ထောင်ဦးစီးသည် အစ်မတို့အားလုံးကိုစိတ်ချမ်းသာအောင်ထားလို့သာလျှင်အစ်မတို့ ပျော်စရာကောင်းနေတာပေါ့။ ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက်ယူပြီးပြီဆိုရင် စိတ်ညစ်အောင်လည်းသူ လုပ်လို့ရတယ်။ စိတ်ဆင်းရဲအောင်လည်းသူကြည့်လို့ရတယ်။ ပျော်အောင်လည်းသူထားလို့ရတယ်။ ပျော်စရာကောင်းတဲ့စကားတွေလည်းသူပြောလို့ရတယ်။စိတ်ညစ်အောင်လည်းသူပြောလို့ရတယ်။ ဒါပေမယ့်သူက မမ ကိုပျော်စရာကောင်းတဲ့ စကားတွေနဲ့နွေးထွေးစွာသူ(စဉ်းစားလျက် ယောက်ျား နားကိုကပ်ပြုံးပြီး)နေပေးလိုပေါ့နော် ။(ရယ်လျက်)

Social Media ပေါ်က အိမ်ထောင်ရေးဖောက်ပြန်မှုတွေအပေါ်မှာလား “ မိန်းကလေးဆိုတာကတော့ အစ်မကမိန်းကလေးဆိုတော့ မိန်းကလေးဘက်ကနေပြီးတော့(စဉ်းစားလျက် ) ကိုယ်ချစ်ကိုရွေးတာထက် သူချစ်ကိုရွေးတာ မိန်းကလေးတစ်ယောက်အတွက် သူတို့ဘဝအတွက် စိတ်ခြရမယ်လို့ မမကတော့ မမရဲ့ဘဝအတွေ့အကြုံလေးကိုပြောပြချင်ပါတယ်။ ပန်ပန်ဆိုလည်းအစ်ကိုရဲ့ချစ်တာတစ်ခုတည်းနဲ့ အစ်မကိုသူအရမ်းချစ်တယ်ဆိုတဲ့ဟာတစ်ခုတည်းနဲ့အစ်မသူ့ကိုရွေးချယ်ခဲ့တာ။ မမပြောချင်တာက ပိုက်ဆံရှိတာတွေမရှိတာတွေ ဂုဏ်တွေရှိတာတွေမရှိတာတွေ ဒါတွေကိုမမမရွေးချယ်ဘဲနဲ့ သူချစ်တာတစ်ခုတည်းနဲ့မမသူ့ကို လက်ထပ်ခဲ့တာပေါ့နော်။ အဲ့ဒီကျမမ ဘာတွေ့ရလဲဆိုတော့ သူအရမ်းချစ်တဲ့အတွက် မမပေါ်မှာသူသစ္စာရှိတယ်။ မမလိုချင်တာတွေသူလုပ်ပေးတယ် မမကိုသူစိတ်ချမ်းသာအောင်ထားတယ်။ အဲ့ဒီချစ်တာတစ်ခုတည်းနဲ့မမအရာရာပြည့်စုံနေတယ်။ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit – nanmalgyi

Tips News