ကိုယ်ဝန်ဆောင်တုန်းက ထူးခြားတဲ့ အိမ်မက်ကိုပြောပြလာတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ တကယ့်ကို ပရိသတ် အချစ်တော် စံပြ ဇနီးမောင်နှံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို မြင်တဲ့လူတိုင်းချစ်ချင်စရာဖြစ်နေတဲ့ ခေတ်နဲ့ သစ်ဆိုတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်နဲ့ သစ် နှစ်ယောက်ကတော့ ကလေးလေးတွေ ဖြစ်ပေမယ့်လည်း ဓါတ်ပုံရိုက်တဲ့နေရာမှာ ပို့စ်လေးတွေ ပေးတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုပြီးတော့ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးနှစ်ယောက်အကြောင်းကိုတော့ လင်းလင်းနဲ့ ချစ်သုဝေက ဖြေကြားသွား ခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ ခေတ် နဲ့ သစ်ကို ကိုယ်ဝန်လွယ်ထားတော့ ထူးခြားတဲ့ အိမ်မက်မက်တဲ့ အပေါ် ချစ်သုဝေကတော့ “မထရီဇာ တခါမှတော့ အဲ့လိုအိမ်မက်တွေမမက်ဖူးပါဘူး။ အဲ့အိမ်မက်ကတော့ တော်တော်လေး ထူးဆန်းပြီး မှတ်မှတ်ရရကို ဖြစ်နေတာပါ။ မထရီဇာအရင်နေတဲ့ အိမ်မှာပေါ့နော်။ အိမ်မက်မက်တော့ မထရီဇာ ကိုယ်ဝန်ကြီးနဲ့လှဲနေတုန်း မြွေအစိမ်းရောင် အကြီးကြီးပဲ။ ဘေးကနေပြီး ဖြတ်သွားပြီးတော့ အိမ်ရဲ့ Showcase လေးပေါ်မှာ ခွေပြီးတော့ အိပ်နေတာ။ အဲ့လိုအိပ်ပြီးတော့ အဲ့မြွေကြီးက ထွက်သွားတယ်။ အဲ့ဒါကတော့ မှတ်မှတ်ရရပါပဲ”

ခေတ်နဲ့ သစ် ကဓါတ်ပုံတွေ တွဲရိုက်ရင် ပို့စ်တွေ ပေးတတ်နေပြီဆိုတဲ့ မေးခွန်းကိုတော့ “မိသားစုလိုက် အပြင်ထွက်လိုက်ပြီဆို မိသားစုတော်တော်များများက ချစ်ကြခင်ကြတော့ မိသားစုတော်တော်များများက လာပြီးတော့ ဓါတ်ပုံတွေ ရိုက်ကြတယ်။ သူတို့က ခဏခဏ အရိုက်ခံရသလိုမျိုးကို ဖြစ်လာတာပေါ့။ အပြင်မှာတွေ့တဲ့ မိသားစုတော်တော်များများက တွဲရိုက်ကြတယ်။

အဖိုးအဖွားတွေလည်း ပါပါတယ်။ အဲ့လိုမျိုး အပြင်ကနေရာတွေမှာ သူတို့ကို ချစ်ခင်ပြီး ဓါတ်ပုံလာရိုက်ကြတဲ့ အရေအတွက်တွေက များလာတော့ ကျွန်တော်ထင်တယ် သူတို့ အဲ့လိုမျိုးရိုက်ရင်းကနေ အသားကျသလိုမျိုး ဖြစ်လာတာပေါ့။ နောက်ပြီး တချို့ကျတော့လည်း သူတို့ကို ပို့စ်လေးတွေ ပေးခိုင်းတော့ သူတို့အဲ့လိုမျိုးကနေတတ်သွားတာပေါ့။ ကျွန်တော်လည်း မသင်ပေးပါဘူး။ ဓါတ်ပုံရိုက်ရတာလည်း ဝါသနာမပါတော့။ အခုဆိုရင် အိမ်ရောက်ပြီး ဖုန်းကိုင်ပြီးဆိုရင်တော့ သူတို့က ပို့စ်ပေးနေကြတာ။ အဲ့ဒါမနည်းပြန်ပြောရတယ်။ ဓါတ်ပုံရိုက်နေတာ မဟုတ်ဘူးပေါ့။ သူတို့က အဲ့လိုလေးတွေပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit-Nanmalgyi

Tips News