ကျောက်မဲတွင် KTV ဆိုင်ပိုင်ရှင်တဦး ဆိုင်ကယ်နောက်မှ သေနတ်ဖြင့် ပြစ်ခံရသဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံး

၂၇..၀၂..၂၀၁၉၊ ၁၉ : ၃၀ အချိန်ခန့်တွင် ကျောက်မဲမြို့၊ရက်ကွက် ၃ နေ့၊ဦးရန်လင်းအောင်၊အသက် ၃၄ နှစ်၊ကရင်/ဗုဒ္ဓ၊ နန်းဟော်- KTV လုပ်ငန်းလုပ်ကိုင်သူသည် ၎င်းဆိုင်မှ အလုပ်သမားဖြစ်သူ မင်းနိင်ဖြိုး နှင့်အတူ မော်တော်ဆိုင်ကယ်ဖြင့် ဆိုင်တွင် လိုအပ်သည့် ပစ္စည်းများအား Seven Eleven စတိုးဆိုင်မှာယူပြီး ရက်ကွက် ( ၃ )၊အောင်သုခလမ်းရှိ ဆိုင်သို့ ပြန်လာစဉ်

အောင်ဆန်းလမ်းနှင့် ရွှေဖီဦးလမ်းထောင့်ရှိ ပေါ်လွင်ကားဂိတ်အနီး အရောက် နောက်မှ မော်တော်ဆိုင်ကယ်မောင်းနှင် လိုက်ပ်လာသူ တစ်ဦးမှ မော်တော်ဆိုင်ကယ်အား အနည်းငယ် ကျော်တတ်၍ ဆိုင်ကယ်မောင်းနှင်သူ ဦးရန်လင်းအောင် အားလက်နက်ငယ်ဖြင့် တစ်ချက်ပြစ်ခဲ့ရာ ဦးရန်လင်းအောင်၏ ရင်ညွှန့်တည့်တည့်သို့ ထိမှန်၍ အဆိုပါ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သဖြင့် အလောင်းအား ကျောက်မဲပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Tips News