အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် အကယ်ဒမီရင်ခုန်နေရပြီ ဖြစ်တဲ့ မြင့်မြတ်

ဂျင်းကောင်ဆိုပြီး ပရိသတ်ချစ်စနိုးခေါ်ရတဲ့ မြင့်မြတ်ကတော့ သဘာဝမင်းသား လို့ဆိုရလောက်အောင် သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ကောင်း တဲ့ မင်းသားတစ်လက်ပါ ။ ဟာသ အပြင် တခြားအက်ရှင် ကြမ်းကြမ်းတွေ လည်း ဇာတ်ရုပ်ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ အထူးပြောနေစရာမလိုတော့ ပါဘူးနော် ။

လတ်တလောမှာတော့ အကယ်ဒမီပေးပွဲကြီးလည်း နီးကပ်လာပြီဆိုတော့ မြင့်မြတ်အတွက် အကယ်ဒမီရင်ခုန်နေကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။ဒီနှစ်အတွက် အကယ်ဒမီ ဆန်ကာတင်အပြင် ရွေးချယ်လိုက်တဲ့ ရုပ်ရှင်ကား ၂၅ ကားမှာ မြင့်မြတ်ပါဝင်ထားတဲ့ ကားသုံးကား ပါဝင်နေပါတယ် ။

အဲဒီကားတွေ ကတော့ ငဒူ ၊ ကြတ်ဂူ ၊ ၀ိညာဉ်စိမ်း တို့ပဲဖြစ်ပါတယ် ။ ဒီကားသုံးကားလုံးမှာ မြင့်မြတ်ရဲ့ ပီပြင်အောင် သရုပ်ဆောင်ထားမှုတွေကြောင့် ပရိသတ်တွေက အကယ်ဒမီအတွက်ရင်ခုန်နေကြပါပြီ ။ မနှစ်ကလည်း အကောင်းဆုံးဇာတ်ပို့ဆုရထားတဲ့ မြင့်မြတ်ကတော့ ဒီနှစ်မှာအကောင်းဆုံး ဇာတ်ဆောင်အမျိုးသားဆုရမလားဆိုတာကိုလည်း ရင်ခုန်နေရပါပြီ ပရိသတ်ကြီးရေ ..။

Source : Myanmar famous Star

Tips News