အထွေထွေဗဟုသုတ အားနည်းပြီး အစားအ​သောက်​ကျိန်​စာ သင့်နေသောရွှေမြန်မာများ ဖတ်ကြည့်ကြပါ

အနာဂါတ်​လူ့​ဘောင်​တစ်​ခုလုံးအတွက်​ သိပ်​ကိုလိုအပ်​​နေပြီထင်​ပါတယ်​..စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍အစားအ​သောက်​ကျိန်​စာ သင့်နေသောရွှေမြန်မာများ..ရွှေမြန်​မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ် အာရှမှာ အနိမ့်ဆုံးဘဲ..အသက် ရှင်သန်ဖို့အတွက် နေ့စဉ်စားသောက်နေရတဲ့အစားအ​သောက်​တွေကို ကျန်းမာ​ရေးအသိနဲ့ မချင့်ချိန်ဘဲစားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာ​ရေးထိခိုက်ရုံမျှ မကဘဲကိုယ့်​ရဲ့ရင်​​သွေး​လေး​တွေ၊ ကလေးငယ်တွေရဲ့ အနာဂတ်​ပါ အညွန့်ကျိုးသွားနိုင်ပါတယ်..(အထူးသတိချပ်​ကြပါ)

ဈေးသက်သာလို့ ဆိုတဲ့အကြောင်းပြချက် မပေးပါနဲ့ ကျန်းမာ​ရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ..အခုဆို..အသက်​ ၄၀ နဲ့ အထက်​ တွေကို ကြည့်လိုက် မေးလိုက်ရင်ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့ အရှင်လတ်​လတ်​ပြိတ္တာရောဂါတွေဖြစ်တဲ့ ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့ရောဂါတွေ မရှိတဲ့သူ ​တော်​​တော်​ကိုရှားလာတယ်..တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့ အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာရောဂါတွေအဖြစ် အရမ်းများလာတယ်..အသက် ၆၀ ကျော်တွေကြည့်လိုက်တော့ အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်..

က​လေး​လေးတွေကြည့်တော့လည်းအရောင်စုံ အရသာစုံ အနံ့စုံ နဲ့ လက်လီဈေး..၅၀ ကျပ်တန်လက္ကားဈေး..၃၀ ကျပ် နဲ့ ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့ အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့ အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့ လေဖောင်းမူန့်အစုံအရောင်စုံ အရသာစုံအနံစုံ နဲ့ ချိုချဉ်အစုံ​ ပီကေအစုံ နိုခဲအစုံ..ပြီးတော့..အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ပင်လယ်စာလို့ခေါ်တဲ့ အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲ့ကောင်းမူကြောင့်ပိန်​လှီလှီ ညှောင့်နာနာ နဲ့ ရှူ နာရှိုက်ကုံးလေးတွေဖြစ်လို့..တချို့ငွေ​ကြေးချမ်းသာပြီး ကျန်းမာ​ရေးအသိမရှိတဲ့မိသားစုကကလေးတွေဆို ပိုဆိုးတယ်..ကျောင်းကို မုန့်​ဖိုးအများကြီးပေးထားတော့ တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ် တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီး​နောက်​ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကိုကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို့တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့ကလေးတွေ အများကြီးတွေ့ နေရတယ်.

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်..ကလေးတွေကို အကျိုးအကြောင်းပြောပြပြီးသင်ပေးပါ..ခက်တာက လူကြီးတွေ ကိုယ်​တိုင်​က မသိတာဘဲ..တချို့ အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်..” တသက်လုံး စားလာတာ အခုမှတော့မစားဘဲ မနေနိုင်ပေါင် သေမှသေရောဘဲ”ဆိုတဲ့လူကြီးတွေ အများကြီးဘဲ..တရုတ်​ကြီးတယောက်ပြောတာ သွားသတိရတယ်..” နိတို့မြန်မာတွေ ကျန်းမာ​ရေးအသိကိုမရှိဘူး.. ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့..”နေစဉ်စားသောက်နေတဲ့ အစားအ​သောက်​တွေမှာအဆိပ်တွေအဆိပ်တွေအိမ်ရှင်မတွေ..ဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံ့တွေနဲ့ဆီပြန်​ဟင်းတွေချက်ပြီးကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကိုအိမ်က မီးဖို​ချောင်​ထဲမှာ အဆိပ်​ခတ်​နေကြတယ်..

ချက်​ချင်း မသေပေမယ့် တဖြည်းဖြည်း ကျန်းမာ​ရေး ချို့တဲ့ကျန်းမာ​ရေး မကောင်းတော့ ကျန်းမာ​ရေးစရိတ်​​တွေ​ကြောင့်​ စီးပွား​ရေးတွေ လုံးပါးပါးပြီးနောက်ဆုံး မိသားစုတစုလုံး ဘဝပျက်​သားသမီးတွေပါ အညွှန့်တုံးကုန်​ပါလိမ့်​မယ်​..ပြီးတော့ ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့ အစိုးရ ကိုချည်းဘဲ အပြစ် မ​ပြောပါနဲ့အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်​ထားတဲ့ မူးယစ်ဆေး ဆိုတာတွေကိုတောင်မှ အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီးသုံးစွဲနေကြသေးတာဘဲ အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ..ဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင် စားမကောင်းဘူး လျှာထဲမစွဲဘူး အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ..

အဲ့ဒီတော့..စားကောင်းပြီး လျှာထဲစွဲချင်တယ် ဆီမြုပ်ပြီး အရောင်လှချင်တယ် ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့အချိုမူန့် များများ ပြည့်ဝဆီ အညံစားတွေနဲ့ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ စားရတော့မှာပေါ့..အစိုးရကထုတ်လုပ်သူတွေကို ဘယ်လိုဘဲအရေးယူအပြစ်​​ပေးနေပေမယ့်ကျန်းမာ​ရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့ ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ..မှားတာပါရင်​လည်း ​စေတနာအမှားမို့ ခွင့်​လွတ်​ပါ..လိုတာရှိရင်​လည်း​ ဖြည့်​​ပေးပါ…။

Credit- Zaw Zaw Moe

Tips News