နန္ဒမာလာ၏ လိမ်လည်မှုများကို ဖော်ထုတ်ရာတွင် နာမည်ကြီးခဲ့သည့် မင်္ဂလာဒုံအမတ် ပါတီတာဝန် ရပ်ဆိုင်းခံရ

ဒီချုပ်ပါတီဝင် မင်္ဂလာ ဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်လှိုင်ဝင်းကို ပါတီဗဟိုအလုပ်အမှုဆောင် အ စည်းအဝေး ဆုံးဖြတ်ချက်အရ ပါ တီတာဝန်များမှ ရပ်ဆိုင်းကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်က အတည်ပြု ပြော ကြားသည်။ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်သော ဒီချုပ်ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အစည်းအဝေးတွင် ပါတီဝင် လွှတ်တော် ကိုယ်စား လှယ်အချို့နှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၂ စောင်ကို အရေး ယူရန် ဆုံးဖြတ်ခဲ့ရာ ဦးအောင်လှိုင်ဝင်း ပါဝင်ခဲ့သည်။

ထိုသို့ အရေးယူရန် ပါတီ စည်းကမ်းအရ ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ သို့သော် အရေးယူမှု နှင့်ပတ်သက်၍ အသေးစိတ် အခြေအနေသည် ပါတီတွင်းကိစ္စ ဖြစ်၍ ပြောကြားလိုခြင်းမရှိဟု ဆိုသည်။‘‘ကျွန်တော်တို့က ပါတီစည်းကမ်းအရ လုပ်ကိုင်ရတဲ့ နည်းလမ်း အတိအကျ ပြောထားပါ တယ်။ အဲဒါတွေနဲ့ ကွဲလွဲပြီးတော့ လုပ်တယ်။ တစ်ခါတစ်ရံမှာပြစ်မှု ကို မကျူးလွန်သော်လည်း ကျူး လွန်ဖို့အားထုတ်တယ်လို့ ကျွန် တော်တို့ ယုံကြည်တယ် ဆိုရင် အ ရေးယူပါတယ်’’ဟု ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်များ တိုင် ကြားရေးဌာန တာဝန်ခံလည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြော သည်။

ဦးအောင်လှိုင်ဝင်းသည် လက်ရှိလွှတ်တော် သက်တမ်း စတင်ချိန်တွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ပေးခံရသော်လည်း ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ပါတီတွင်း သတိပေး ခံရပြီး နောက် ကော်မတီ ၀င်အဖြစ်မှ ဖယ်ရှားခံရသည်။လက်ရှိတွင် ပါတီတာဝန်မှ ရပ်ဆိုင်းသော်လည်း ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ဦးအောင်လှိုင်ဝင်းသည် မင်္ဂလာဒုံ မြို့နယ် ဒီချုပ်ပါတီအလုပ် အမှု ဆောင်အဖွဲ့ဝင် ဖြစ်သည်။ ၎င်းသည် လတ်တလောပြည်သူများ စိတ်ဝင်စားမှုရှိနေသည့် ယောဂီဝတ် နန္ဒမာလာ၏ ငွေကြေးလိမ် လည်မှုများနှင့်ပတ်သက်၍ လာရောက်တိုင်ကြားမှုများ၊ ကိုယ်တိုင်စုံစမ်းသည့် အခြေအနေ များကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် ရေးသားဖော်ပြခဲ့သည်။

၂၀၁၈ နှစ်ကုန်ပိုင်းတွင် ဒီ ချုပ်အမတ်များဖြစ်သည့် ဒေါက် တာသက်သက်ခိုင်နှင့် ဦးကျော် ဇေယျတို့ အလားတူ အရေးယူခံ ရကာ ပြီးခဲ့သည့် ရက်ပိုင်းက လည်း ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌကို ပါတီမှ ထုတ် ပယ်ခဲ့သည်။

Credit – 7Day

Tips News