တေးစီးရီးမိတ်ဆက်ပွဲမှာ ဝတ်ဆင်ဖျော်ဖြေခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေဝေဖန်တာခံနေရတဲ့ စည်သူပလပ်ကျွတ်

သီချင်းတွေလည်းသီဆိုရင်း သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်တဲ့ စည်သူပလပ်ကျွတ်တစ်ယောက်ကတော့ ပွဲတစ်ခုမှာ အထူးခြားဆုံးပုံစံနဲ့ သီဆိုဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။ အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားအပြင် အခြားသော ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူပလပ်ကျွတ်ဟာ ကိုယ်ပိုင်သီချင်းတွေကိုလည်း ဖန်တီးသီဆိုသူတစ်ဦးဖြစ်ပါတယ်။

စည်သူပလပ်ကျွတ်ဟာ ဝတ်စားဆင်ယင်မှုတွေနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ဝေဖန်မှုအချို့အပြင် အားပေးမှုတွေကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ယနေ့မှာတော့ ပွဲတစ်ခုက ဝတ်ခဲ့တဲ့ Spider Man ဝတ်စုံကြောင့် ပရိသတ်တွေကြားဝေဖန်မှုများနေပါတယ်။

အဆိုတော် သျှန်သျှဏ်း ရဲ့ “အသိအမှတ်ပြုပါ” တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲ နှင့် ပရိုမိုးရှင်း (Promotion) ပွဲမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ် က Spider-Man ပွဲတက်ဖက်ရှင်နဲ့ပွဲတက်ခဲ့ပါတယ်။ အဆိုတော် Shan Shann ရဲ့ အသိအမှတ်ပြုပါ တေးစီးရီးမိတ်ဆက်ပွဲနဲ့အမှတ်တရလက်မှတ်ရေးထိုးပွဲကို ယနေ့ညနေသုံးနာရီက လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။
“အမြင်ဆန်းအောင် ဂျပန်က ၀ယ်ထားတဲ့ Spider-Man ၀တ်စုံနဲ့ ဖျော်ဖြေနေပါတယ်။ ပရိသတ်က အားပေးကြလို့ Super Hero အကုန်လုံးရဲ့ ဒီဇိုင်းစုံကို ၀တ်ဆင်ပြီး အစွမ်းကုန် ဆက်ဖျော်ဖြေ ပေးသွားမှာပါ။ ဘယ်လောက်ဝေဖန် ဝေဖန် ကျနော်က မေတ္တာထားပါတယ်။ ” ဆိုပြီး သရုပ်ဆောင် စည်သူပလပ်ကျွတ် ကပြောခဲ့ပါတယ်။ ပရိတ်သတ်ကြီးအတွက် စည်သူပလပ်ကျွတ်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : Myanmar Celebrity

Tips News

error: Content is protected !!