ယူနိုက်တက် ဗီးရှင်းဆိုင်ဖွင့်ပွဲကို လှပလွန်းတဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့တဲ့ စိုးမြတ်သူဇာ

ဇာတ်ကားတွေများစွာ ဆက်တိုက်ရိုက်ကူးနေရတဲ့ မကြီးစိုးကတော့ လတ်တလောမှာလည်း အခမ်းအနားပွဲတော်တော်များများကို တက်ရောက်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၀)ရက်နေ့မှာ ကျင်းပြုလုပ်ခဲ့တဲ့ United Vision မျက်မှန်ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကိုလည်း ကျော့ရှင်းလှပစွာ တက်ရောက်လာခဲ့ပါတယ်..။

အလိုက်ဖက်ဆုံးနဲ့ အထင်ပေါ်ဆုံးဖြစ်တဲ့ အဖြူရောင်လေးနဲ့ လုံလုံခြုံခြုံ ဖက်ရှင်ကျကျလေးပွဲတက်လာတဲ့ မကြီးစိုးရဲ့ မြင်သူတကာငေးရလောက်အောင် ရင့်ကျက်တဲ့ လှပနုပျိုမှုတွေနဲ့ လှသွေးကြွယ်မှုတွေကတော့ တက်သစ်စ မင်းသမီးချောလေးတွေနဲ့အပြိုင် ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားညို့ယူလိုက်တာပါပဲနော်..။

အားလုံးရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော စိုးမြတ်သူဇာကတော့ သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ပွင့်လင်းတဲ့ဟန်ပန်နဲ့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးတွေကလည်း သူမကို အချစ်ပိုစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲနော်..။

ပရိသတ်တွေကို သဘောကျအချစ်ပိုစေတဲ့ မကြီးစိုးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ မကြီးစိုးရဲ့ ပရိသတ်တွေလည်း အလွမ်းလေးတွေ ပြေစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။ပရိသတ်ကြီးကလဲ မကြီးစိုးကိုချစ်ရင် Share သွားကြဦးနော်။

Photo Source : Popular Journal

Tips News