မြန်မာ့အနုပညာရှင်တွေရဲ့ ရှားရှားပါးပါးငယ်ဘဝပုံရိပ်များ

လူရယ်လို့ ဖြစ်လာရင်တော့ တဖြည်းဖြည်း အသက်ကြီးလာကြတာ သဘာဝပါပဲ။ ဒါပေမယ့်လည်း လူတိုင်းမှာတော့ ငယ်ဘဝဆိုတာရှိကြပါတယ်။ အဆိုတော်တွေ မင်းသား မင်းသမီးတွေ အရာရှိတွေဆိုတာကလည်း တချိန်ချိန်က အပြစ်ကင်းစင်တဲ့ ကလေးလေးတွေပါပဲ။ တချို့နာမည်ကြီးတွေကလည်း ကလေးဘဝတုန်းက သူတို့အနေနဲ့ ဒီလိုနာမည်ကြီးတွေ ဖြစ်လာကြမယ်ဆိုတာကို တွေးမိထားကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက နာမည်ကြီးတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့မှာလည်း ငယ်ဘဝရှိကြသလို ကလေးဘဝတုန်းကတော့ သာမန်ကလေးလေးတွေ ပါပဲ။ ဒါကြောင့်ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ မြန်မာနိုင်ငံက နာမည်ကြီးများရဲ့ ရှားပါးငယ်ဘဝ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဒီပုံလေးကို မြင်လိုက်တာနဲ့ တယောက်ယောက်ကို တန်းပြီးတော့ မျက်စိထဲ မြင်မိကြမှာပါ။ သူကတော့ ရဲရင့်အောင်ပါပဲ။

၂.ပုံထဲက ချစ်စရာကောင်းပြီး ကလေးလေးရဲ့ အဖေနဲ့ အမေကလည်း ချောမောတဲ့ ရုပ်ရည်ရှိကြပါတယ်။ ဒါကြောင့်လည်း ဒီကလေးလေးကတော့ အရွယ်ရလာတဲ့အချိန်မှာ နိုင်ငံကျော်မင်သားကြီး ဒွေးဆိုပြီးတော့ ဖြစ်လာတာပါ။ ဒါပေမယ့်လည်း စိတ်မကောင်းစွာဖြင့် ဒွေးကတော့ လောကကြီးကို အစောကြီးနှုတ်ဆက်သွားပါတယ်။

၃.ပုံကိုကြည့်လိုက်တာနဲ့ သင်တို့ အလွယ်တကူ ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒီကလေးလေးကတော့ လက်ရှိမှာ ချစ်စရာအပြုံးလေးပိုင်ဆိုင်ထားပြီးဘော်ဒီ ခပ်မိုက်မိုက်နဲ့ မင်းသမီး အေးမြတ်သူပဲ ဖြစ်ပါတယ်။

၎.ပုံထဲက ချစ်စရာကလေးလေးကတော့ သင်တို့ဘယ်သူလို့ ထင်ပါသလဲ။ သူကတော့ ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းသလို လက်ရှိမှာလည်း ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အချစ်ကို ရရှိkထားတဲ့ မင်းသမီး ဖွေးဖွေးပဲ ဖြစ်ပါတယ်။

၅.ပုံထဲကကောင်မလေး နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ တယောက်ကိုတော့ သင်တို့ ချက်ချင်း စဉ်းစားမိကြမှာပါ။ အောက်မှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးကတော့ ဟာသပိုင်းတွေကို ပြောင်မြောက်စွာလုပ်နိုင်တဲ့ တက္ကသိုလ်ဂွမ်းပုံ ဖြစ်ပြီး ကားပေါ်မှာထိုင်နေတဲ့ ချောမောတဲ့ကောင်မလေးကတော့ တင်နီလာဝင်း ဖြစ်ပါတယ်။

၆.ဒီပုံထဲက ကောင်မလေးကို ရုတ်တရတ်ကြည့်လိုက်ရင်တော့ သင်တို့အနေနဲ့ ချက်ချင်းစဉ်းစားမိမှာ မဟုတ်ပါဘူး။ သေချာကြည့်ရင်တော့ မင်းသမီးတယောက်ယောက်ကို စဉ်းစားမိလာမှာပါ။ သူကတော့ မေသက်ခိုင်ပဲ ဖြစ်ပါတယ်။

၇.ပုံထဲက ချာတိတ်နှစ်ယောက်ကတော့ ရုပ်က ခပ်ဆင်ဆင်ပဲဗျာ။ ညီအစ်ကိုနှစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကောင်လေးနှစ်ယောက်တော့ လက်ရှိမှာ တယောက်က အောင်မြင်တဲ့ အဆိုတော် လွှမ်းပိုင်ဖြစ်ပြီး နောက်တယောက်ကတော့ အောင်မြင်တဲ့ မင်းသားတယောက်ဖြစ်တဲ့ ကျော်ဆုတို့ ဖြစ်ပါတယ်။

၈.ကျောင်းသူတွေကြားမှာ တောက်ပပြီး ချစ်စရာကောင်းတဲ့ ကောင်မလေး တယောက်ကိုတော့ သတိထားမိကြမှာပါ။ သူကတော့ ချစ်စရာအရုပ်မလေးနဲ့တူတဲ့ မင်းသမီး ခင်ဝင့်ဝါပဲ ဖြစ်ပါတယ်။

၉.ဒီကောင်မလေးကိုလည်း မြင်တာနဲ့ ဘယ်သူလည်းဆိုတာကို တန်းပြီးတော့ သိကြမှာပါ။ ငယ်ရုပ်လုံးဝ မပျောက်သေးတဲ့ ကောင်မလေးကတော့ မင်းသမီး မိုးယုစံပဲ ဖြစ်ပါတယ်။

၁၀.ပုံထဲက မိုင်တိုင်တိုင် ဖြစ်နေတဲ့ ကောင်လေးကိုလည်း ကြည့်လိုက်တာနဲ့ အားလုံးသိမှာပါ။ လက်ရှိမှာတော့ စမတ်ကျကျနဲ့ မြန်မာပြည်က အအောင်မြင်ဆုံး မင်းသားတယောက်ဖြစ်တဲ့ နေတိုးကတော့ ငယ်ရုပ် မပျောက်သေးပါဘူး။

Source : nanmalgyi

Tips News

error: Content is protected !!