သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် တရားဟောဆရာတစ်ဦးကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်

အသက်မပြည့်သေး သည့်မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တရားဟောဆရာကို မုဒိမ်းမှုအပါ အ၀င် ပုဒ်မလေးခုဖြင့် တရားစွဲဆိုစစ်ဆေးပြီးနောက် ကလေးခရိုင်တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ် ခဲ့သည်။

အသက်(၁၄)နှစ်နှင့် (၁၅) နှစ်အရွယ်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရ သောစစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာမှ တရားဟောဆရာကို ကိုးလခန့်ကြာစစ်ဆေးပြီးနောက် ဇန်န၀ါရီ ၁၆ ရက်တွင် အထက်ပါ အတိုင်း အမိန့်ချမှတ်ခြင်းဖြစ် သည်။‘‘ထောင်ဒဏ် ၄၃ နှစ်ချမှတ် လိုက်ပါပြီ။ ကောင်မလေးရဲ့ မိဘ တွေကတော့ဒီပြစ်ဒဏ်အတွက် ကျေနပ်မှုရှိမယ်ထင်ပါတယ်’’ ဟု အဓမ္မပြုကျင့်ခံရသည့်မိန်းက လေးနှစ်ဦးဘက်မှ လိုက်ပါကူညီ ပေးသည့် ဒိန်းဒီးအမျိုးသမီးအဖွဲ့ (DHIP)မှ ဒေါ်ဆောမီးက ပြော သည်။

 

ဗျက်လားဟု ခေါ်သော အသက်(၃၀)ခန့်ရှိ တရားဟော ဆရာသည် ချင်းတောင်ဒေသသို့ သွားရောက်ပြီး ယင်းဒေသမှ လူ ငယ်များကို တရားသင်ပြခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာ ရပ်များ သင်ပေးမည်ဟုစည်းရုံး ကာ ၎င်း၏နေအိမ်သို့ခေါ်ဆောင် ထားသည်ဟု ပြောသည်။ ယင်း သို့ခေါ်ဆောင်ခံရသူများတွင် ပါ ၀င်သော အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးနှစ်ဦးက ၎င်းတို့၏ မိဘများအား ဖြစ်စဉ်များကို ဖွင့် ပြောပြီး ဥပဒေအတိုင်းဆောင် ရွက်နိုင်စေရေးအတွက် ဒေသ တွင်းအရပ်ဘက်အဖွဲ့များက ကူ ညီခဲ့သည်။‘‘သူတို့မိဘတွေက ဘာဖြေ လဲဆိုရင် ကျွန်တော်တို့လက်မှာ ထက် တရားဟောဆရာရဲ့လက် ထဲမှာရှိတယ်ဆိုတော့ ပိုပြီးသက် သာလုံခြုံတယ်ပေါ့။ ဘာသာရေး နဲ့လည်း ဆောင်ရွက်ပေးမယ်ဆို တဲ့ယုံကြည်ချက်နဲ့အပ်တာပါတဲ့’’ ဟု ဒေါ်ဆောမီးကပြောသည်။ဗျက်လားသည် ခရစ်ယာန် ဘာသာဘုရားကျောင်းနှင့် သင်း အုပ်ဆရာများက အသိအမှတ်ပြု ထားသော တရားဟောဆရာ မဟုတ်ဘဲ ၎င်း၏ ကိုယ်ပိုင်အစီ အစဉ်ဖြင့် တရားဟောဆရာ အဖြစ်လုပ်ကိုင်နေခြင်းဖြစ်သည် ဟု ဒေသခံခရစ်ယာန်ဘာသာကိုး ကွယ်သူများကပြောသည်။ ထို့ အပြင် တရားဟောဆရာဆိုသူ၏ ယခုလုပ်ရပ်ကို ၎င်းတို့က ရှုတ်ချ သည်။ ၎င်း၏အိမ်တွင် ဆယ် ကျော်သက် ၁၀ ဦးထက်မနည်း ကို တရားဟောခြင်းနှင့် ကွန်ပျူ တာသင်ပေးခြင်းများရှိခဲ့သည်ဟု ကလေးဒေသအရပ်ဘက်အဖွဲ့ များက ပြောသည်။‘‘ဓမ္မဆရာလိုလိုနဲ့နေတာ။ သူအဖမ်းခံရပြီးကတည်းက တ ရားဟောတဲ့အိမ်ကိုလည်း ပိတ် လိုက်တာ’’ ဟု ချင်းတွင်းလူငယ် ကွန်ရက်မှ ဒေသဆိုင်ရာညှိနှိုင်း ရေးတာဝန်ခံ ဦးကျော်သက်ဝင်း က ပြောသည်။

ဗျက်လားကို ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃  (နာကျင်စေမှု)၊ ၅၀၆ (ခြိမ်း ခြောက်မှု)၊ ၃၇၆/၅၁၁ (မုဒိမ်းပြု ကျင့်ရန် ကြိုးစားအားထုတ်မှု)တို့ ဖြင့်  တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Tips News