ထာဝရထက်နှစ်ဆ ကို အရေးယူဖို့ အိန္ဒိယဒါရိုက်တာများထံ တိုင်ကြားသောစာ ထွက်ပေါ်

ပရိသတ်ကြီးရေ လတ်တလောမှာ ရုံမတင်ရသေးတဲ့ ထာဝရထက်နှစ်ဆရုပ်ရှင်ဇာတ်ကားကြီးဟာ ကမ္ဘာကျော် Radhika Rao & Vinay Sapru တို့ ရဲ့ Saanam Teri Kaasam ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါသတင်းတွေကြောင့်လည်း မြန်မာနိုင်ငံက ဘောလိဝုဒ်ရုပ်ရှင်ချစ်သူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြတာပါ။ အခုတစ်ခေါက်မှာတော့ အဆိုပါရုပ်ရှင်ဇာတ်ကား ကို ညာဏမူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ မူရင်းဇာတ်ကားရိုက်ကူးသူတွေဖြစ်ကြတဲ့ ဒါရိုက်တာRadhika Rao & Vinay Sapru တို့ ရဲ့ လူမှုကွန်ရက်မှာ သွားရောက် တိုင်တန်းထားတဲ့ ဓါတ်ပုံ(Screen Shoot ) တစ်ခုထွက်ပေါ်လာပါတယ်။

အဆိုပါ ပုံထဲမှာ အပြန်အလှန် စကားပြောဆိုချက်တွေအရ ရုပ်ရှင်ကြော်ငြာပိုစတာမှာ မူရင်းဘောလိဝုဒ်ဇာတ်ကားကို ရည်ညွှန်းဖော်ပြမထားခြင်း ၊ အနုပညာရှင် အချင်းချင်း လူသိရှင်ကြား ကော်ပီကူးထားမှုကို တရားဝင်ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် လက်ခံရုံတင်ဖို့ခွင့်ပြုလိုက်ခြင်း စတာတွေကြောင့် အရေးယူပေးဖို့ ပြောကြားထားတဲ့အပြင် ဘောလိဝုဒ်ရဲ့အရှိန်အ၀ါကို အသုံးပြုပြီး မြန်မာ့အနုပညာရှင် အမည်ခံ အမှိုက်သရိုက်များကိုရှင်းထုတ်ပေးပါ စသဖြင့် စကားလုံးအပြင်းစားတွေနဲ့ ရေးပို့ထားတာကိုတွေ့ရပါတယ်။

Radhika Rao & Vinay Sapru တို့ ရဲ့ လူမှုကွန်ရက်ဇာတ်ကားအမည် ကို ပြန်လည်တောင်းခံထားတာကိုတွေ့ရပါတယ်။ မြန်မာ့ရုပ်ရှင်လောကဟာ နိုင်ငံတကာက ဇာတ်လမ်းကောင်းတွေကို ကျောရိုးယူကာ ပြန်လည် ရိုက်ကူးတင်ဆက်လေ့ရှိတဲ့အတွက် အခုလို ဝေဖန်တာတွေ ခံနေရပေမယ့် နိုင်ငံဖြတ်ကျော် တရားစွဲဆိုတဲ့ မူပိုင်ခွင့်ပြဿနာတွေကြုံတွေ့ရခြင်းမရှိသေးပါဘူး ။ ပရိသတ်ကြီးရေ နေမာဒူရီနဲ့အတူ ဇာတ်ကားရုံမတင်ခင်အထိ အေးရာအေးကြောင်း ဖြစ်ဖို့ ဆုတောင်းပေးကြပါနော်။

Source – မြန်မာပေါကားနှင့်ပေါကောင်များအားရှုတ်ချသူများ
Source : Cele Kabar

Tips News

error: Content is protected !!