Crush နဲ့​တွေ့ခဲ့တယ်​ဆိုပြီး ​ပြေတီဦးကို စ​နောက်​​နေတဲ့ အိန္ဒြာ​ကျော်​ဇင်

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ဟာဆိုရင် အသက် ၄၀ ကျော်ဆိုတဲ့ အရွယ်ကိုရောက်ရှိလာပေမယ့်လည်း အရမ်းကို ချစ်စရာကောင်းပြီး အပျိုတွေရှုံးရလောက်အောင် လှပနုပျိုနေဆဲပဲဖြစ်ပါတယ်။ အိန္ဒြာ​ကျော်​ဇင်​က သရုပ်​​ဆောင်​​ကောင်းပြီး အိုက်​တင်​အမူအယာလဲ​ကောင်းမွန်​တာ​ကြောင့်​ ပရိသတ်​​တွေရဲ့ အား​ပေးခြင်းကို တစ်​ခဲနက်​ခံရတဲ့ မင်းသမီးတစ်​ဦးပါပဲ။

အရမ်းကိုချစ်စရာကောင်းတဲ့ အိန္ဒြာ​ကျော်​ဇင်​က ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသား ပြေတီဦးနဲ့ အိမ်ထောင်သက် ၇နှစ်ကျော် ၈နှစ်နီးပါး ရှိလာခဲ့သည့်တိုင်အောင် ချစ်စရာကောင်းတဲ့ သားလေး သမီးလေးတွေနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စရာမိသားစုလေးဖြစ်အောင် ကြည်နူးမှုတွေနဲ့ ဖြတ်ကျော်နေခဲ့ကြတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ အူဝဲကတော့ ယခုအချိန်မှာလည်း သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလဲ အောင်မြင်စွာ တည်ထောင်နိုင်ပြီပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ အူဝဲကတော့ ယခုအချိန်မှာလည်း သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလဲ အောင်မြင်စွာ တည်ထောင်နိုင်ပြီပဲဖြစ်ပါတယ်။

အိန္ဒြာ​ကျော်​ဇင်​က အခုလက်​ရှိမှာ အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​​နေပြီး ပွဲအခမ်းအနား​တွေကိုလဲ တက်​​ရောက်​​ပေး​နေသူတစ်​ဦးပါ။ အိန္ဒြာ​ကျော်​ဇင်​က ဒီဇင်​ဘာလ ၂၆ ရက်​​နေ့က Jin Party Meeting ကအပြန်​ ခင်​ပွန်းဖြစ်​သူ ​ပြေတီဦးရဲ့ ပုံပါတဲ့ နံရံကြီး​ရှေ့မှာ ဓာတ်​ပုံရိုက်​ပြီး “Ohhh! my crush” ဆိုပြီး စ​နောက်​ထားပါတယ်​။

ပြေတီဦး နဲ့ အိန္ဒြာ​ကျော်​ဇင်​က တစ်​​ယောက်​ကိုတစ်​​ယောက်​ အမြဲစ​နောက်​ပြီး ချစ်​ချစ်​ခင်​ခင်​​နေကြတဲ့ လိုက်​ဖက်​တဲ့စုံတွဲ​လေးပါပဲ။

ပရိသတ်​ကြီးလဲ ​​ခင်​ပွန်းဖြစ်​သူ ​ပြေတီဦးကို စ​နောက်​ထားတဲ့ အိန္ဒြာ​ကျော်​ဇင်​ရဲ့ ပုံရိပ်​​လေးကို ကြည့်​ရတာ သ​ဘောကျမယ်​လို့ ထင်​ပါတယ်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Source : momolay

Tips News

error: Content is protected !!