ပရိသတ်တစ်ဦးနဲ့ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်တွေချစ်ကြတဲ့ ဇာတ်ပို့ဇာတ်ရံစုံတွဲဖြစ်တဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နိုင်သူတွေပါ။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ အသီးသီးအောင်မြင်ပြီးသား အောင်မြင်ပြီးသားသူတွေပါပဲ။ ပရိသတ်တွေကလဲ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ကို အားပေးချစ်ခင်ကြပါတယ်။

ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့နှစ်ဦးဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က အပြင်ပရိသတ်တစ်ဦးနဲ့ ပြဿနာဖြစ်ခဲ့ရပါတယ်။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ စီးနင်းလိုက်ပါတဲ့ကားနဲ့ လမ်းကြောင်းပြောင်းပြန်ဝင်လာခဲ့တဲ့ ကားတစ်စီးဟာ မတော်တဆ တိုက်မိခဲ့ပြီး လမ်းကြောင်းပြောင်းပြန်ဝင်လာတဲ့ကားဟာ ထိခိုက်မှုအနညွးငယ်ဖြစ်ခဲ့ပါတယ်။ ထိုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး တစ်ဖက်ကားပိုင်ရှင်နဲ့ ကိုဘင်းတို့ဇနီးမောင်နှံက အချေအတင်ဖြစ်ခဲ့ရပါတယ်။

ထိုကိစ္စနဲ့ပက်သတ်ပြီး တစ်ဖက်ပါ ကားပိုင်ရှင်က လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ကလဲ သူတို့ဘက်က အဖြစ်အပျက်တွေကို ပရိသတ်တွေနဲ့တကွ တစ်ဖက်ပါကားပိုင်ရှင်သိအောင် အခုလိုပဲ မျှဝေခဲ့ပါတယ်။

ပရိသတ်တစ်ဦးနဲ့ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

တစ်ဖက်ကားပိုင်ရှင်ကိုလဲ ကိုဘင်းက ဆိုင်ရာရုံးကနေပဲ ခေါ်ရလိမ့်မယ်လို့ ဆိုထားပါတယ်။ အမှန်တရားတစ်ခုကတော့ ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Tips News

error: Content is protected !!