ပိုက်ဆံအိတ်လုပြေးသူ ၂ ဦးကို ယာဉ်ထိန်းရဲနှင့်ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ ၂၆ လမ်း ၊ ၆၆ လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးဆီက ပိုက်ဆံအိတ်လုပြေးမှုဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်းမှာ ဒီနေ့ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတဦးထံကနေ ပိုက်ဆံအိတ်လုပြေးသွားသူ ၂ ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက လိုက်လံဖမ်းဆီးရာ ၂၆ လမ်း ၇၉ လမ်းမှာ ဖမ်းဆီးမိခဲ့ပါတယ်။

ဒီလိုလုပြေးသွားသူတွေကိုတော့ သက်ဆိုင်ရာက ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြည်သူတွေကပါပူးပေါင်းပါဝင်ပြီး လိုက်လံဖမ်းဆီးပေးခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ပါတယ်။

Credit-ဒီဗွီဘီ

 

Tips News