ကွယ်လွန်သွားတဲ့ သရုပ်ဆောင် ဦးမင်းစိန်ရဲ့အိမ်ကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကိုယ်ပိုင်အရည်အချင်းလေးတွေနဲ့ တေးသီချင်းကောင်းလေးတွေကို ဖန်တီးပြီး ပရိသတ်တွေရဲ့ ရင်ထဲနေရာယူ အောင်မြင်လာတဲ့ အနုပညာရှင်အဆိုတော်မလေးကတော့ ပိုပိုပါပဲနော်..။

အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အဆိုကောင်းတဲ့ ပိုပိုက အလှအပရေးရာမှာလည်း နတ်မိမယ်လေးတွေ ရှုံးလောက်အောင် ဆွဲဆောင်မှုရှိရှိ လှပသူလေး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ပိုပိုက ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဦးမင်းစိန်ရဲ့အိမ်ကို အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ပိုပိုက သနားတတ်တယ်။ ကိုယ်ချင်းစာတတ်တယ်။ စိတ်မကောင်းဖြစ်တတ်တယ်။ အခုဆို လွန်ခဲ့တဲ့ရက်သတ္တပတ်က ကွယ်လွန်သွားခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ဦးမင်းစိန်ရဲ့ ကျန်ရစ်သူ ဇနီးနဲ့သမီးရှိရာ ထောက်ကြန့်မြို့နယ်၊ တိလောကရပ်ကွက်၊ မိတ်တလမ်းကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပိုပိုက ငွေရေးကြေးရေးထောက်ပံ့ခဲ့တဲ့အပြင် သူမကိုပရိသတ်တွေပေးထားတဲ့ အရုပ်လေး ၂ရုပ်ကိုလည်း ဦးမင်းစိန်သမီးလေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ ပိုပိုရဲ့ စေတနာအပြည့် နဲ့လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : Popular Journal

Tips News