သမီးလေးရဲ့ (၁၄) နှစ်ပြည့်မွေးနေ့လေးမှာ သြချရလောက်တဲ့ မိခင်မေတ္တာတွေကို ပြသခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ သမီးဖြစ်သူရဲ့ (၁၄) နှစ်ပြည့်မွေးနေ့လေးမှာ မိခင်မေတ္တာတွေပြည့်နှက်နေတဲ့ စာလေးတစ်စောင်ကိုရေးသားခဲ့တာပါ။ သမီးချောလေးတွေမွေးထားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ တချိန်တုန်းက ဘဝရဲ့အခက်အခဲတွေကို လက်တွဲပြီးကျော်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ အမြဲလိုလို ရက်ရက်ရောရော လှူတတ်ကြသူတွေလည်းဖြစ်ပါတယ်။

သရုပ်ဆောင် စမိုင်းလ်တစ်ယောက်ကတော့ သမီးအလိမ္မာလေးရဲ့ ယနေ့ ကျရောက်လာတဲ့ (၁၄) နှစ်ပြည့်မွေးနေ့လေးမှာ သမီးကိုသွန်သင်ဆုံးမတဲ့စကားလေးတွေနဲ့အတူ သားအမိ နှစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ အချိန်လေးတွေကိုပြောပြလာခဲ့တာဖြစ်ပါတယ်။

“Happy Birthday Portia သမီးကြီး ငယ်ငယ်ထဲကလိမ္မာပြီးအမေ့စကားနားထောင်တဲ့သမီး ကလေးထိန်းမရှိအကူမရှိတဲ့ဘဝ ဒယ်ဒီအလုပ်တွေအများကြီးလုပ်ပြီးပိုက်ဆံရှာနေတဲ့အချိန် သမီးနဲ့မာမီနှစ်ယောက်တည်းတစ်ကမ္ဘာနေရတယ်..ရေချိုး ထမက်းဟင်းချက်တာကအစသမီးကိုချီထားရတယ်. နောက်ဆုံးအိမ်သာတက်ရင်တောင်သမီးလေးတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ချီပြီးတင်ထားတယ်..
မေမေနဲ့သမီးအမြဲနှစ်ယောက်တည်းနေရလို့ လူကြားသွားရင်မနေတတ်အမြဲငိုတဲ့ကလေး ငါ့သမီးလေးကိုလူတွေတော့မချစ်တော့ပါဘူးဆိုပြီးအမြဲဝမ်းနည်းရတယ်.. လူကြောက်ပြီးဘယ်သူနောက်ကိုမှမလိုက်လို့ ဘယ်သူကမှလည်းမချီတော့ မေမေကငိုလိုက်ရတာ မေ့သမီးလေးတွေလူတွေမချစ်လို့.. ဆံပင်ကလည်းနဖူးပြောင်ပြီးဘေးမှာဆံပင်တွေမရှိလို့အသက်ကြီးရင်ဒုက္ခပါပဲဆိုပြီးစိတ်ညစ်ရသေးတယ် 😆 အခုတော့မဲမဲအဲလေမေ့မေ့သဲလေးက အရမ်းချောပြီး လူလည်းမကြောက်တော့ပဲ confidence အပြည့်ရှိတဲ့အပျိုမလေးဖြစ်လာပြီ.. ကောင်လေးတွေကလည်းကြိုက်လာပြီ သမီးလေးကရိုးလို့စိတ်ပူရတယ် အချစ်ဆိုတာစမ်းချင်တဲ့အရွယ်မို့မတားပေမဲ့ မေမေတို့ကသမီးထက်အဆပေါင်းများစွာနားလည်လို့ မေမေပြောတာတွေကိုသမီးနားထောင်ရမယ် သမီးကိုစိတ်ရင်းနဲ့တကယ်ကြင်နာမဲ့သူကိုသမီးကြည့်တတ်ရမယ်.. မေမေနဲ့ daddy ရဲ့စကားကိုနားထောင်ပြီးလိမ္မာရမယ်နော် Happy 14th Birthday to my beautiful princess” လို့ မွေးနေ့ဆုတောင်းစကားလေးပါ ဆိုထားပါသေးတယ်။

Happy Birthday ပါသမီးလေးရေ…ယနေ့ ကျရောက်တဲ့ (၁၄) နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေနော်။ မေမေစမိုင်းလ်ပြောတဲ့စကားလေးတွေအတိုင်း ထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။We Love Cele

Photos-Smile

Tips News