သရုပ်ဆောင် မင်းစိန် ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့တဲ့ တစ်ချိန်က မင်းသား ရဲကိုကို

ပရိသတ်တွေကို အနုပညာနဲ့ တက်စွမ်းသလောက် အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ ဦးမင်းစိန်က ရင်ကြပ်ရောဂါနဲ့ ဇန်​နဝါရီလ (၅)ရက်​​နေ့ နံနက်​ ၂:၃၀ အချိန်​က ဘဝတစ်​ပါးကို ကူး​ပြောင်းသွားပြီပဲဖြစ်​ပါတယ်​။ ရုပ်ရှင်သရုပ်ဆောင် မင်းစိန် ရဲ့ နောက်ဆုံးခရီးကို ဇန်နဝါရီလ ၇ ရက်၊ နေ့လည် ၁၂ နာရီမှာ ရေဝေး သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးခဲ့တဲ့ လူကြမ်းမင်းသားကြီး မင်းစိန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်အရွယ်သာ ရှိသေးတာကြောင့် ကျန်ရစ်သူ မိသားစုနဲ့တကွ အနုပညာရှင်တွေကလည်း စိတ်မကောင်း ဝမ်းနည်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းစိန် ရဲ့ နောက်ဆုံးခရီးကို ဖိုက်တင်မင်းသား ရဲကိုကို လဲလိုက်လံပို့ဆောင်ခဲ့ပါသေးတယ်။ ပရိသတ်တွေရှေ့ကနေပျောက်နေတဲ့ ရဲကိုကို ကတော့ သရုပ်ဆောင်မင်းစိန်ရဲ့ နာရေးမှာ လိုက်လံပို့ဆောင်ခဲ့ပါတယ်။ မင်းစိန်ရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ပေးတဲ့ သရုပ်ဆောင် ရဲကိုကိုရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်

Photo Source : myanmar celebrity

Tips News