ဦးမင်းစိန်ရဲ့နာရေးအတွက် တတ်အားသရွေ့ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ အနုပညာရှင်များ

ပရိသတ်တွေကို အနုပညာနဲ့ တက်စွမ်းသလောက် အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ ဦးမင်းစိန်က ရင်ကြပ်ရောဂါနဲ့ ဇန်​နဝါရီလ (၅)ရက်​​နေ့ နံနက်​ ၂:၃၀ အချိန်​က ဘဝတစ်​ပါးကို ကူး​ပြောင်းသွားပြီပဲဖြစ်​ပါတယ်​။ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးခဲ့တဲ့ လူကြမ်းမင်းသားကြီး မင်းစိန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်အရွယ်သာ ရှိသေးတာကြောင့် ကျန်ရစ်သူ မိသားစုနဲ့တကွ အနုပညာရှင်တွေကလည်း စိတ်မကောင်း ဝမ်းနည်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ဦးမင်းစိန်က သူအသက်ရှင်နေစဉ်ကာလက ချို့တဲ့စွာနဲ့ မိသားစုကို ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဦးမင်းစိန် ကွယ်လွန်ပြီးချိန်မှာ ဇနီးဖြစ်သူနဲ့ လူမမယ်သမီးလေးတစ်ယောက်သာ ကျန်ခဲ့တာပဲဖြစ်ပါတယ်။

ချို့တဲ့လွန်းတဲ့ ဦးမင်းစိန်အတွက် ကိုလူချောအဖွဲ့မှ အောင်ခိုင်က ဦးဆောင်ပြီး နာရေးကူငွေများ ကောက်ခံပေးခဲ့ပါတယ်။ ဦးမင်းစိန်အတွက် အနုပညာ ညီအစ်ကိုမောင်နှမများသာမက ဦးမင်းစိန်ကို ချစ်ခင်လေးစားအားပေးကြတဲ့ ပရိသတ်တွေကလဲ အလှူငွေများစွာကို ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်။

ကျန်ရစ်သူ ဦးမင်းစိန်ရဲ့ ဇနီးနဲ့ သမီးလေး

ဦးမင်းစိန်အတွက် အနုပညာရှင်တွေသာမက ပရိသတ်တွေကလဲ အလှူငွေတွေထည့်ဝင်ပေးကြပါတယ်။

ဦးမင်းစိန်ရဲ့ ရုပ်အလောင်းကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်နေ့) မွန်းလွဲပိုင်း (၁:၀၀) ရေဝေးသူသာန်မှာ မီးသဂြိုဟ်မှာဖြစ်ပါတယ်။ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန် ဆုံးပါးသွားရပြီဖြစ်တဲ့ ဦးမင်းစိန်အတွက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Credit-Momolay

Tips News

error: Content is protected !!