သရုပ်ဆောင်ကိုမင်းစိန်အတွက် အနုပညာအသိုင်းအဝန်းမှာ စုပေါင်းပြီး နာရေးအတွက် အလှူငွေလှူဒါန်းကြတဲ့ ပုံရိပ်များ

ပရိတ်သတ်ကြီးရေ လူကြမ်းဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတိုင်းလိုလိုမှာ သရုပ်ဆောင်လာတဲ့ သရုပ်ဆောင် ကိုမင်းစိန်ကတော့ 5/1/2018 နေ့နံနက် 2:30 အချိန်တွင် ရင်ကြပ်ရောဂါဖြင့်ရန်ကုန်ပြည်သူဆေးရုံကြီး တွင်ကွယ်လွန်သွားခဲ့ပါတယ်။ဇာတ်ကားတစ်ကားကို ဇာတ်ရှိန်မြင့်အောင် လုပ်ဆောင်ပေးတဲ့နေရာမှာ ဇာတ်ပို့တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ကိုမင်းစိန်က ဆင်းရဲကြပ်တည်းတဲ့ သူရဲ့ မိသားစုကို အဆင်ပြေပြေနေနိုင်အောင် စီးပွားရေးကို ရိုးသားသောနည်းလမ်းမျိုးစုံဖြင့် ရှာဖွေကျွေးမွေးပြီး အိမ်ထောင့်တာဝန်ကို ကျေပြွန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ကိုမင်းစိန်က အသက်ကြီးလာလို့ ဇာတ်ကားတွေကို မရိုက်ရတော့ပေမယ့် သူတတ်နိုင်သလောက်အားနဲ့ သူလုပ်နိုင်သလောက်ထိ မိသားစုအတွက် ဖြည့်ဆည်းပေးခဲ့ပါတယ်။ကိုမင်းစိန်ဆုံးသွားတဲ့ အတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုက သူတို့အတွက် တောင်တစ်လုံးပြိုသွားပြီဖြစ်လို့ ယူကြုံးမရဖြစ်ခဲ့ရပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကလည်း နီးစပ်ရာလေးတွေ ကူညီဖေးမပြီး ဈာပနကို အဆင်ပြေချောမွေ့အောင် ကူညီခဲ့ကြပါတယ်။အနုပညာရှင်တွေကလည်း သူတို့အတွက် လူကြမ်းမင်းသားတစ်ယောက်ဆုံးရှုံးခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

အနုပညာရှင်တွေ ကိုယ်စီကိုယ်စီကလည်း သူတို့ရဲ့ လူကြမ်းမင်းသားကြီးကို ဝမ်းနည်းတဲ့အကြောင်းတွေပြောပြီး လူမှု့ကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ကြပါတယ်။ထမင်းတစ်နပ်အတွက် ပရိတ်သတ်တွေမုန်းပေမယ့် ရိုက်ရတဲ့ ကျရာဇာတ်ရုပ်ကို တာဝန်ကျေအောင်လုပ်ဆောင်ခဲ့တဲ့ ကိုမင်းစိန်အတွက် စာနာထောက်ထားသောအနုပညာရှင်အသိုင်းအဝိုင်းက ဦးအောင်ခိုင်ကို တိုက်ရိုက်လှူဒါန်းခဲ့ကြပါတယ်။အနုပညာရှင်တွေအကုန်လုံးက သူတိုရဲ့ လူကြမ်းမင်းသားကြီးအတွက် တစ်ဖက်တစ်လမ်းကနေ ဖေးမကူညီခဲ့ပါတယ်နော်။

Source:Middle Man

Tips News