သမီးလေးကို ဖခင်ဖြစ်သူနဲ့ ပေးမတွေ့ရတော့တဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ မျိုးစန္ဒီကျော်

Single Mother အဖြစ် သမီးလေးတစ်ယောက်နဲ့အတူ ရပ်တည်နေတဲ့ မျိုးစန္ဒီကျော်ကတော့ မိခင်ကောင်းတစ်ဦးပါပဲ။ သမီးလေးကို ပိုလေးမွေးသလို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတာကိုတွေ့ရပြီးတော့ သမီးလေးကလည်း အနုပညာကို ဝါသနာပါသူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းကပွဲတွေမှာလည်း ဖျော်ဖြေရေးအမျိုးမျိုးပြုလုပ်တင်ဆက်နေတာလည်း တွေ့ရတဲ့ အိမ်စည်မြင့်မိုရ်ကျော်က ပရိသတ်တွေလည်း ချစ်ကြသူတစ်ဦးပါ။

မျိုးစန္ဒီကျော်ကတော့ ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်နဲ့ကွာရှင်းခွင့်ရဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီးတော့ အမှုရင်ဆိုင်နေတယ်လို့ဆိုပါတယ်။ အမှုဖြစ်နေဆဲအချိန်ကာလမို့ သမီးလေးနဲ့ ဖခင်ဖြစ်သူကို ပေးမတွေ့ခဲ့ဘဲပေးတွေ့ခွင့်ပေးခဲ့ချိန်ကလည်း တန်ဖိုးမထားခဲ့ဘူးလို့ ဆိုပါတယ်။

“အမတို့က အခု အမှုဖြစ်နေတာလေ။ တရားရင်ဆိုင်နေတာဆိုတော့ ကလေးနဲ့ပေးတွေ့လို့မရဘူး။ ပြီးတော့ အမကပေးတွေ့ ခွင့်ပေးခဲ့တုန်းက အဲ့တန်ဖိုးကို သူက မထားခဲ့ဘူး။ အဲ့အတွက် အမက သမီးနဲ့ပေးမတွေ့တော့ဘူး။ (၂) နှစ်နီးပါးရှိပြီ။ ဘာလို့ဆို အမနဲ့သူနဲ့လည်း ကွဲနေတာ (၃) နှစ်ရှိပြီ။ တရားဝင်လက်မှတ်မထိုးပေးလို့ အမက တရားရုံးမှာဦးတိုက်လျှောက်တယ်။ သူက မကွဲပေးတော့ အခု အမှုရင်ဆိုင်နေတယ်။ အမှုရင်ဆိုင်နေတဲ့အတွက် အမှုဖြစ်နေတဲ့သူအချင်းချင်းက အဲလိုတွေ့လို့မရဘူးလေ။ အဲဒါကြောင့် သမီးနဲ့သူနဲ့ပေးမတွေ့တာ။ မွေးတည်းက အမပဲလုပ်ပေးခဲ့တာ။ အစတည်းက အမပဲအနားမှာရှိပြီးလုပ်ပေးခဲ့တာ။ ခုထက်ထိတော့ အဖေတို့ အဖေနဲ့တွေ့ချင်တယ်တို့ သူ့ပါးစပ်ကပြောလာတာမရှိဘူး။ သူ့ဘက်ကပြောလာရင်လည်း အမက သမီးကိုအဲလိုပိတ်ပင်ထားမယ့် အမေထဲမှာမပါဘူး။ ဒါပေမယ့် အဖေကမှ သမီးလို့ သမီးတစ်ယောက်ရယ်လို့ စိတ်မရှိလို့တောင်မှ အခုလိုကြီးဖြစ်သွားတာပေါ့ အဲ့အတွက် ရောင်ပြန်ပဲပေါ့။ သမီးကလည်း သူ့ဆီလာတဲ့အတိုင်း သူပြန်မှာပေါ့။ အဲလိုမျိုးပဲ အမတော့ ထင်တယ်။”

“အမျိုးသားတွေ စိတ်ကုန်တာတွေ ဘာတွေမဟုတ်ဘူး အမခေါင်းထဲမှာ အဲ့ ယောက်ကျားလေးကိစ္စကိုမရှိတာ။ အမခေါင်းထဲမှာ သမီးပဲရှိတယ်။ အမျိုးသားကို စိတ်ကုန်တယ်တို့ ဘာတို့စိတ်ဝင်စားမှုလည်းမရှိဘူး ဒါပေမယ့် ယောက်ကျားတိုင်းကတော့ အကုန်လုံးအဲလိုမျိုးပဲလို့မပြောဘူး လူဆိုတာ ယောက်ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဘာသာမတူတူ/ လူမျိုးမတူတူ ကောင်းတဲ့သူ ရှိတယ် မကောင်းတဲ့သူရှိတယ်။ ဒီဘာသာမို့ ၊ဒီလူမျိုးမို့မဟုတ်ဘူး။ ယောက်ကျားမို့လို့မကောင်းတာမဟုတ်ဘူး တချို့ဆို အိမ်ထောင်ရေးမှာ တကယ့် စံပြတွေရှိတယ်။ အမတို့အဖေဆိုရင် အသက် အခု (၇၀) ကျော်ပြီ။ အမတို့မိသားစုကို ချစ်လိုက်တာမှ။ မိသားစုမှ မိသားစု။ အဲလိုယောက်ကျားမျိုးကျ ဘယ်လိုလုပ်မလဲ။ တချို့ကျတော့မဟုတ်ဘူး သူ့ဟာသူနေရာရှိတယ်။ အမေကို ထားရမယ့်စိတ်ရှိတယ်။ မိန်းမကိုထားရမယ့်စိတ်ရှိတယ်။ သမီးကိုထားရမယ့် စိတ်ရှိတယ်။ အမေမှ အမေဖြစ်နေရင် အိမ်ထောင်မပြုသင့်ဘူး။ အမေနဲ့ပဲနေ အိုကေနော်။ ဒါမှမဟုတ် သူ့မိသားစုမှ သူ့မိသားစုဖြစ်နေတယ်ဆိုရင် နောက်ထပ် မိန်းမ မယူနဲ့။ အမေတို့ တူမတို့ တူတွေတူမတွေနဲ့နေပေါ့နော်။ အဲလိုမဟုတ်ဘဲနဲ့ အမပြောတာ ကိုယ်လည်း အိမ်ထောင်ပြုမယ်။ မိန်းမယူမယ် ကလေးမွေးမယ်ဆိုရင် ကိုယ့်မိသားစုကိုယ်သိရမယ်။ အမေက အမေနေရာမှာထား၊ မိန်းမက မိန်းမနေရာမှာထားရင် အခုလိုမျိုး ပြသနာတွေဖြစ်လာစရာအကြောင်းမရှိဘူးလေ။ အမတော့အဲလိုပဲထင်တယ်။” လို့ ဆယ်လီရပ်ကွက်အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

သမီးလေး အိမ်စည်မြင့်မိုရ်ကျော်ကိုတော့ ပရိသတ်ကြီးကလည်း ပိုပြီးချစ်ခင်ပေးကြပါဦးနော်။

Credit-We Love Cele

Tips News