ဆိုင်ကယ်ချစ်သူတွေ ဝိုင်းပြီးဂုဏ်ပြုခဲ့ရတဲ့ ငွေကြေးမတတ်နိုင်ပေမယ့် Biker တစ်ယောက်ဖြစ်ဖို့ ဇွဲမလျှော့တမ်းကြိုးစားခဲ့တဲ့ မောင်လှ

မောင်လှကြီးအစား ဝမ်းသာလို့ ဒီစာလေးကိုရေးလိုက်တာ..။ မောင်လှက တောင်ငူကေတုမတီမြို့သစ်မှာနေတာ..သူက ဆင်းရဲတယ်..။ ဆိုင်ကယ်လေးပြင်လိုက် ၊ အားရင် အိမ်တကာလိုက်ပြီး အနှိပ်သည်လုပ်လိုက်နဲ့ ဘဝကို ရိုးရိုးသားသားဖြတ်သန်းနေတဲ့ကောင်..။ ဒီကောင့်မှာ သတ်မရတဲ့ ပိုးတစ်မျိုးကတော့ အားကြီး Biker ဖြစ်ချင်တာ..။

ဆိုင်ကယ်သမားတွေ ဆုံတဲ့ပွဲတွေဆို မောင်လှ မရောက် ရောက်အောင်သွားတယ်..။
ဟိုလူနဲ့ ဆယ်လ်ဖီဆွဲ ၊ ဒီလူနဲ့ ဆယ်လ်ဖီဆွဲ သူ့ဟာသူတော့ ပျော်နေတာပဲ ဒီကောင်က..။ ခက်တာက Biker တစ်ယောက်ဖြစ်ဖို့ဆိုတာက ဆိုင်ကယ်ကို အသာထား ၊အဝတ်အစားတောင် သိန်းချီတန်တာကိုး..။တော်ယုံချမ်းသာယုံနဲ့ Biker ဖြစ်ဖို့မလွယ်..။မောင်လှ မချမ်းသာ..။ ဖြစ်ချင်တာက Biker.. ။ဒါပေမဲ့ မောင်လှ စိတ်ဓာတ်မကျဘူး..မောင်လှ အလုပ်ကြိုးစားတယ်..များများ နှိပ်တယ်..ပေးသလောက်သာ ယူပေမဲ့ စေတနာထားတာကြောင့် မောင်လှကို ခေါ်နှိပ်တဲ့သူတွေ များတယ်..။

မောင်လှ ပိုက်ဆံစုတယ်..တရုတ် ဆိုင်ကယ် ဖရိမ်အဟောင်းဝယ်တယ်..ဘီးဝယ်တယ်..အင်ဂျင် အဟောင်းဝယ်ပြီး ပြင်တယ်..။ဟိုက အဟောင်းဝယ် ဒီက အဟောင်းဝယ်ပြီး ဆရာတွေကို မေးလိုက် ၊ သူ့ဟာသူဆင်လိုက်နဲ့ နောက်ဆုံး မောင်လှ ဆိုင်ကယ်တစ်စီးပိုင်သွားတယ်..မောင်လှ Biker ဖြစ်ပြီ..။အမျိုးအမည် တပ်ရခက်တဲ့ ဆိုင်ကယ်ကြီးကိုစီးပြီး မောင်လှတစ်ယောက် မြန်မာနိုင်ငံတဝှမ်းက Biker ပွဲတိုင်းကို မရောက် ရောက်အောင်သွားတယ်..။

သူများ Biker ဆိုင်ကယ်တွေနဲ့ မတူတာက မောင်လှမှာ လမ်းခရီးတစ်လျှောက် သုံးစွဲဖို့
ငွေကြေးက အများကြီးမပါတော့ မောင်လှ ဆိုင်ကယ်ပေါ်မှာ ချက်ပြုပ်စားသောက်ဖို့
အိုးခွက်တွေ ဆန်တွေ အိပ်ရာလိပ်တွေ ပါလာတာပဲ..။တဖြည်းဖြည်းနဲ့ မောင်လှရဲ့ ဇွဲဟာ ဆိုင်ကယ်ချစ်သူတွေကြား ပြောစမှတ်တွင်လာတယ်..။

ရိုးသားတဲ့ မောင်လှနာမည်ဟာ ဆိုင်ကယ်ချစ်သူတွေကြား တဖြည်းဖြည်း ကျော်ကြားလာတယ်..တောင်ငူကနေ တာချီလိတ်ကို မောင်လှတစ်ယောက် သူ့ဆိုင်ကယ်ကြီးစီးပြီး အိပဲ့ အိပဲ့နဲ့ အရောက်လာခဲ့တဲ့ ပွဲအပြီးမှာတော့ ဆိုင်ကယ်ချစ်သူတွေက ပိုက်ဆံစုပြီး မောင်လှ အမည်ပေါက် လိုင်စင်နဲ့ ဆိုင်ကယ်တစ်စီး ဝယ်ပေးလိုက်ပါပြီ..။နောက်ဆုံးတော့ မောင်လှ အိမ်မက်တွေ တကယ်ဖြစ်လာပြီပေါ့..ဆိုင်ကယ် အပ်ပွဲကိုတော့ ဒီလ ၁၂ ရက်နေ့ မောင်လှအိမ် ကေတုမတီ မြိုသစ်မှာ ကျင်းပမယ်တဲ့..။မောင်လှရေ..မင်းအစား ငါတကယ်ဝမ်းသာတယ် ညီရေ..။

Biker တစ်ယောက်ဖြစ်ဖို့ ငွေကြေးချမ်းသာဖို့မလို..ဆိုင်ကယ်ကောင်းကောင်း ရှိဖို့မလို..။ စိတ်ဓာတ်ရယ် ဝါသနာရယ် ပြင်းပြရင် အိမ်မက်တွေ အမှန်တကယ်ဖြစ်လာနိုင်ကြောင်းကို မောင်လှ ကောင်းကောင်း သက်သေပြသွားတယ်..။

Credit-Soe Htike

Tips News

error: Content is protected !!