မွေးရပ်မြေက အိမ်အိုလေးကို ရောက်ရင်း ဆင်းရဲတွင်းနက်ခဲ့တဲ့ တချိန်ကအတိတ်တွေကို ရင်ဖွင့်လာတဲ့ ပိုးမီ

ပိုးမီတစ်ယောက် မွေးရပ်မြေကို ရောက်တုန်း ရောက်ခိုက် တစ်ချိန်က ဖြတ်သန်းခဲ့ရတဲ့ မိသားစု ဘဝအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်. အောင်မြင်မှုတွေ ရရှိလာတဲ့ အချိန်မှာလည်း ဖခင်ဖြစ်သူကို အနားမှာရှိစေချင်တယ်လို့ ဆိုပါတယ်.

အဆိုတော် ပိုးမီဟာ သူမရဲ့ မွေးရပ်ဇာတိမြေ ဖြစ်တဲ့ ပဲခူးတိုင်း. ပုတီးကုန်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်. ပင်ပန်းဆင်းရဲမှုတွေရှိပေမယ့် ပျော်ရွှင်အောင် နေခဲ့ရတဲ့ သူမရဲ့ အတိတ်တွေ ဆီကိုလည်း ပြန်လည် လွမ်းဆွတ်နေတာကို တွေ့ရပါတယ်.

”မွေးရပ်မြေ ပြန်ရောက်ရောက်ချင်း အရင်ဆုံး မိသားစု စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြဖူးတဲ့ အိမ်လေးတွေဆီ အရင်သွားတယ် …ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ..ငွေကြေး မချမ်းသာပေမယ့် ပျော်ရွှင်မှုတွေ ချမ်းသာခဲ့တဲ့ အတိတ်တွေဟာ လွမ်းမောစရာ အတိနဲ့ပါ ..အိမ်အိုလေးတွေက အရင်အတိုင်း မပြောင်းလဲ ရှိနေဆဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၁၂ နာရီ ၈ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်.

အဲ့ဒီနောက် မိသားစု စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေ ခဲ့ရတဲ့ ဖခင်ဖြစ်သူကိုလည်း လွမ်းတဲ့ အကြောင်းတွေ ရေးသားထားပါသေးတယ်. ပရိသတ်ချစ် အနုပညာရှင်တစ်ယောက် ဖြစ်လာပေမယ့်လည်း ဖခင်ဖြစ်သူကို အနားမှာ ရှိစေချင်တယ် လို့ ဆိုပါတယ်.

”သတိရမိတယ် အဖေ .ဒီအိမ်လေးတွေမှာ အဖေ့အရိပ်တွေ ရှိတယ် . ဒီအိမ်လေးတွေမှာ အဖေ့ရယ်သံတွေ ရှိတယ်. ဒီအိမ်လေးတွေမှာ … အဖေ့ စကားသံတွေ ရှိတယ်. ဒါပေမယ့် သမီးတို့အနားမှာ အဖေ ရှိမနေတော့ဘူး ငိုချင်တယ် အဖေ. ဆင်းရဲတွင်းနက်ခဲ့ကြတဲ့အရင်ကအချိန်တွေမှာ အဖေရှိနေခဲ့သလို မတောင့် မတ မကြောင့်မကျတဲ့ ဘဝတစ်ခုမှာ လည်း အဖေ့ကို အမေနဲ့အတူတူ ရှိနေစေချင်မိတယ်. လွမ်းတယ် အဖေရယ်အဖေ ကောင်းရာ ဘုံဘဝမှာ အေးချမ်းပါစေ” လို့ ရင်ဖွင့် ပြောပြထားတာ တွေ့ရပါတယ်.

ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

ပိုးမီဟာ သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ နောက်ထပ်တစ်ယောက် မရှိ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေလေးကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Credit-Cele Yatkwat

Tips News

error: Content is protected !!