သရုပ်ဆောင်ဦးမင်းစိန်ရဲ့ ရုပ်အလောင်းကို ရေဝေးသို့ပို့ဆောင် ခဲ့တဲ့ ပုံရိပ်များ

ဦးမင်းစိန်တစ်ယောက်ကတော့ ယနေ့ ဇန်နဝါရီလ (၅) ရက်နေ့ မနက်အစောပိုင်းမှာပဲ အဆုတ်နာရောဂါနဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ လူကြမ်းမင်းသားတစ်ယောက်ရဲ့ ဘဝတွေဟာ တကယ်တော့ အာမခံချက်မရှိခဲ့ပါဘူး။ အရင်ကာလအချိန်တွေတုန်းက နေ့တိုင်းလိုလို ရိုက်ရက်တွေ ရှိခဲ့ပေမယ့် ရိုက်ရက်ကျဲလာတဲ့နေ့တွေမှာတော့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံလာခဲ့ရပါတယ်။

ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လူကြမ်းဦးမင်းစိန် တစ်ယောက် သုံးဘီးတစ်စီးနဲ့ ရေသန့်ရောင်းတဲ့အလုပ်ကို ရွေးချယ်ခဲ့ရပြန်ပါတယ်။ မသေခင်ရက်ပိုင်းကလည်း မိသားစုစားဝတ်နေရေးအတွက် မိုးကုတ်မှာ အခွေသွားရောင်းပြီးတော့ ပြန်လာခဲ့တာဖြစ်ပါတယ်။မမျှတတဲ့ရာသီဥတုကြားမှာ လူကြမ်းဦးမင်းစိန်တစ်ယောက် အဆုတ်နာ ရောဂါနဲ့ ဒီကနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သရုပ်ဆောင်မင်းစိန်၏ရုပ်အလောင်းအားရေဝေးသို့ပို့ဆောင်ခဲ့ပြီးဇန်န၀ါရီလ၇ရက် နေ့တွင် ရေဝေးသုသာန်တွင်မီးသဂြိုလ်မှာဖြစ်ကြောင်းသိရပါတယ်။ ပရိသတ်ကြီးအတွက် ဦမင်းစိန်ရဲ့ရုပ်အလောင်းရေဝေးကိုပို့ဆောင်ခဲ့တဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Tips News

error: Content is protected !!