ရွှေတိဂုံဘုရားမှာ ကုသိုလ်ယူရင်း မင်းစိန် အတွက်အမျှပေးဝေလိုက်တဲ့ မင်းဦး

သရုပ်ဆောင် မင်းဦးတို့ ဇနီးမောင်နှံဟာ ရွှေတိဂုံစေတီတော်မှာ ရွှေစင်ရွှေပြားများ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ရွှေတိဂုံဘုရားမှာ ကုသိုလ်လုပ်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မင်းစိန်အတွက် အမျှပေးဝေနေတာ တွေ့ရပါတယ်။

သရုပ်ဆောင် မင်းဦးတို့ ဇနီးမောင်နှံဟာ ရွှေတိဂုံဘုရားမှာ ကုသိုလ်ယူရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မင်းစိန်အတွက် အမျှပေးခဲ့ပါတယ်တဲ့။ သူတို့ဇနီးမောင်နှံပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကို (၇) ရက်သားသမီးများနဲ့အတူ ဒီနေ့မနက်ကမှ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် မင်းစိန်အတွက်ပါ အမျှပေးဝေခဲ့တာပါ။

“ရွှေတိဂုံစေတီတော်မှာ ရွှေစင်ရွှေပြားကပ်လှူပူဇော်ာ (၅.၁.၂၀၁၉ -စနေ)(မင်းစိန်ကြီးရေမင်းလဲထပ်တူအမျှရပါစေကွာ……အမျှ အမျှ အမျှ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။မင်းဦးဟာ ဇာတ်ကားပေါင်းများစွာ လက်တွဲရိုက်ကူးခဲ့တဲ့ မင်းစိန်တစ်ယောက် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့ပါတယ်။

လူကြမ်း သရုပ်ဆောင် ဦးမင်းစိန် ဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။ သူ့ကို တော့ လူကြမ်း ကာရိုက်တာ. လူယုတ်မာ ကာရိုက်တာ. လူလိမ် ကာရိုက်တာ တွေနဲ့ ပရိသတ် သိခဲ့ကြတာဖြစ်ပြီး ဒီလို ကာရိုက်တာတွေနဲ့ပဲ ပရိသတ်တွေရဲ့ အမုန်းကို ခံယူ ခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။မင်းစိန်ကွယ်လွန်မှုအတွက် မင်းဦးနဲ့အတူ အခြားသော အနုပညာရှင်တွေ ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။မင်းဦးဟာ လက်ရှိမှာ ဒါရိုက်တာ အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။မကြာခင်မှာလည်း သူ့ရဲ့ ဒုတိမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို တွေ့မြင်ရတော့မှာပါ။ အဲ့ဒီဇာတ်ကားနာမည်က “ကိုယ်ပွား”ပါ။ယင်းရုပ်ရှင်ဇာတ်ကားမှာ ကျော်ထက်အောင်၊ နေခြည်ဦးတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမှာပါ။ Cele Yatkwat

Tips News