ပါဘက်မုန်တိုင်း ၀င်ရောက်နိုင်သည့် ကော့သောင်းခရိုင်တွင် ကူညီကယ်ဆယ်ရေး အသင့်ပြင်ထား

အပူပိုင်းမုန်တိုင်း ပါဘက်သည် ဇန်နဝါရီ ၄ ရက်မှ ၇ ရက် အတွင်း ကော့သောင်းခရိုင်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် မုန်တိုင်းအန္တရာယ် သတိပေးချက် များကို ကျေးရွာများအထိ လော် စပီကာများဖြင့် လိုက်လံဆော်ဩ နေပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် အသင့်ပြင်ထား ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန ယာယီ တာဝန်ခံ ဦးစောမြဖောင်းက ပြောသည်။

‘‘ကျွန်တော်တို့ မုန်တိုင်းအန္တ ရာယ် သတိပြုနေထိုင်ဖို့ လက် ကမ်းစာစောင်တွေ၊ ပိုစတာတွေ ဖြန့်ဝေပေးနေပါတယ်။ ဌာနဆိုင် ရာတွေလည်း အဆင်သင့်ဖြစ် အောင် ညွှန်ကြားထားပါတယ်။ အမြဲတမ်း သတိဝီရိယနဲ့ သတိ ထားပြီး အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေပါတယ်’’ဟု ၎င်း က ရှင်းပြသည်။

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ပါဘက်သည် ကုန်းတွင်းပိုင်းသို့ ထိုင်းနိုင်ငံ နခွန်စီသမာရက်မြို့အ နီးမှ မြန်မာနိုင်ငံ ကော့သောင်းမြို့ သို့ ဇန်နဝါရီ ၄ ရက် ည၌ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ဇန်နဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီအထိ ကော့သောင်းမြို့ပေါ်၌ နေသာနေပြီး ပြောင်းရွှေ့ရသည့် လူဦးရေမရှိသေးကြောင်း ဦးစော မြဖောင်းက ဆက်လက်ပြော သည်။ပြည်သူများအနေဖြင့် အိမ် အို၊ အိမ်ဟောင်းများ၊ သစ်ပင်ကြီး များအောက် ခိုလှုံနေထိုင်ခြင်းမပြု ရန်၊ အရေးကြီးသည့် စာရွက်စာ တမ်းများ၊ တန်ဖိုးကြီးပစ္စည်းများ ကို လုံခြုံသောနေရာများတွင် သိမ်းဆည်းထားရန်၊ သက်ဆိုင်ရာ အစိုးရဌာနများက ထုတ်ပြန်သော မိုးလေဝသသတင်းများကို အစဉ်မပြတ်နားထောင်ရန်နှင့် ကောလာဟလသတင်းများ မယုံရန် အသိပေးနှိုးဆော်မှုများကို တာဝန်ရှိသူများက ကော့သောင်း ခရိုင်၌ ပြုလုပ်နေသည်။

Tips News

error: Content is protected !!