လွတ်လပ်ရေးနေ့ လွန်ဆွဲပွဲကစားအပြီး အမောဖောက်လို့ အောက်ဆီဂျင်ပေးလိုက်ရတဲ့ဦးကျော်သူ

ဒီကနေ့ ဇန်န၀ါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)(၁၈) နှစ်ပြည့် အထိမ်းအမှတ်ဖြင့် ကျင်းပပြုလုပ်တဲ့ “သီချင်းဆိုပြိုင်ပွဲ နှင့် ပျော်ပွဲရွှင်ပွဲ” ကို ရန်ကုန်၊ မြောက်ဒဂုံ (နာရေးကူညီမှုအသင်း) မှာ ပြုလုပ်ခဲ့ပါတယ်။

မြောက်ဒဂုံမြို့နယ်ရှိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံး တွင် ဥက္ကဌ ဦးကျော်သူ ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်၊ ထွန်းကိုကို ၊ ပြေဇင် တို့ အပါအ၀င် အသင်းသူ/သားများ ၀န်ထမ်းများ နှင့် ကျောင်းသား/သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဒီပွဲမှာ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဦးကျော်သူ ကိုယ်တိုင် ပါဝင်ဆင်နွဲခဲ့ပြီး လွန်ဆွဲပွဲ အပြီးတွင် အမောဖောက်လာသောကြောင့် အောက်ဆီဂျင်ပေးကာ အနားယူလိုက်ရတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးအတွက် ဦးကျော်သူရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : Popular Journal

Tips News