ထိုင်းတွင် မုန်တိုင်းဝင်နိုင်သောကြောင့် မြန်မာလုပ်သားများကို ထိုင်းစစ်တပ်ကလုံခြုံရာရွှေ့ပြောင်းပေး

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသများတွင် အပူပိုင်းမုန်တိုင်း (PUBUK) ၀င်ရောက်လာမည်ဖြစ် ၍ ပင်လယ်ကမ်းခြေအနီးတွင်နေ ထိုင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ နှင့် ထိုင်းနိုင်ငံသားများကို ထိုင်း စစ်တပ်က နေရာရွှေ့ပြောင်းပေး နေသည်။အပူပိုင်းမုန်တိုင်း (PUBUK) ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ မိုးလေ၀သဌာနက မုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားပြီး သဘာဝဘေးအန္တရာယ်များဖြစ် ပွားနိုင်၍ ယင်းဒေသများတွင်အ လုပ်လုပ်ကိုင်နေသော ရွှေ့ ပြောင်း မြန်မာလုပ်သားများသတိ ထားရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအ ရာရှိရုံးက ယမန်နေ့တွင်ထုတ် ပြန်သည်။

အဆိုပါအပူပိုင်းမုန်တိုင်း သည် ဇန်န၀ါရီ ၂ ရက်မှ ၃ ရက် အတွင်းအင်ဒိုချိုင်းနားဒေသမှ ထိုင်းပင်လယ်ကွေ့သို့ရောက်ရှိ နိုင်ကြောင်းခန့်မှန်းထားပြီး ဇန်န ၀ါရီ ၄ ရက်ညဥ့်ဦးယံတွင် ထိုင်း တောင်ပိုင်းဒေသများသို့ ၀င် ရောက်လာနိုင်ကြောင်း သတိပေး ထားသည်။အထူးသဖြင့် ထိုင်းတောင် ပိုင်းဒေသများဖြစ်သည့် ချွန်ဖော် နှင့် ဆူရတ်ဌာနီခရိုင်ဒေသများ သို့ ၀င်ရောက်နိုင်ပြီး ဇန်န၀ါရီ ၃ ရက်မှ ၅ ရက်အတွင်းမိုးရွာသွန်း မှုများပြားကာ အချို့ဒေသများ တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။

ထို့အပြင် ယင်းမုန်တိုင်း ကြောင့် နခွန်စီထမရ၊ ဖတ် ထလူ၊ စုန်ခလာ၊ ပါတ နီခရိုင်၊ ရလာ၊ နလာထီးဝါး၊ ကဘီ၊ တလန်နှင့် စတူခရိုင်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်၍ ယင်းဒေသများတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သားများ သတိထားရန် တိုက်တွန်းထား သည်။အထူးသဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများတွင် နေ ထိုင် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများအနေဖြင့် မိုးလေ ၀သအခြေအနေများကို သိရှိနိုင် စေရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် သတိပေး ထားသည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင် ထိုင်းစစ်တပ်က နခွန်စီထမရခရိုင် ရှိပင်လယ်ကမ်းခြေတွင် နေထိုင် လုပ်ကိုင်နေသော မြန်မာလုပ် သားများနှင့် ထိုင်းနိုင်ငံသားများ ကို အခြားနေရာများရှိ စာသင် ကျောင်းများသို့ ပြောင်းရွှေ့ပေး ခဲ့သည်။‘‘ပင်လယ်ပြင်မှာ ငါးဖမ်း လုပ်သားတွေအဓိကသတိထားရ မှာပေါ့နော်။ ဘာမှမဖြစ်ခင် မြေ ပြင်အခြေအနေတွေကို ကြိုတင် ပြင်ဆင်ထားကြဖို့လိုအပ်တယ်။ အဲဒါကြောင့် သတိထားကြဖို့သတိ ပေးတာပါ’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအ ရာရှိ ဦးစန်းမောင်ဦးကပြော သည်။ထိုင်းနိုင်ငံတောင်ပိုင်းဒေသ သည်ပင်လယ်ကမ်းခြေ ဒေသများ ဖြစ်ပြီး ယင်းဒေသများတွင် သိန်း နှင့်ချီသော မြန်မာလုပ်သားများ မှာငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာ စက်ရုံများ၊ ရော်ဘာခြံများနှင့် ဟိုတယ်နှင့် စားသောက်ဆိုင် များတွင် အလုပ်လုပ်ကိုင်နေ သည်။‘အဓိကအရေးကြီးတာက မြန်မာသံရုံးအနေနဲ့ မုန်တိုင်းဒဏ် ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေကို ဘယ်လိုကူညီ ဆောင်ရွက်မယ်ဆိုတာတွေလည်း စနစ်တကျ ပြင်ဆင်ထားသင့်ပါ တယ် ၂၀၀၄ ခုနှစ်တုန်းက ဆူနာ မီဒဏ်ခံရတဲ့ မြန်မာရွှေ့ပြောင်းအ လုပ်သမားတွေဆိုရင် အစိုးရဆီ ကဘာအကူအညီမှမရခဲ့ပါဘူး’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်းအခြေ စိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (FED) ဒါရိုက် တာ ဦးထူးချစ်ကပြောသည်။

Tips News