ထိုင်းတောင်ပိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေ မုန်တိုင်းသတိထားဖို့ သတိပေး

ထိုင်းနိုင်ငံ တောင်ပိုင်း ကို မုန်တိုင်းဝင်ဖို့ရှိတာကြောင့် မြန်မာလုပ်သားတွေ မုန်တိုင်းသတိထားဖို့ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိ ရုံးက သတိပေးထားပါတယ်။အပူပိုင်းမုန်တိုင်းဟာ ထိုင်းပင်လယ်ကွေ့ကို ရွှေ့လျားလာပြီး မနက်ဖြန် ဇန်နဝါရီလ ၄ ရက် ညဦးပိုင်းမှာတော့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ချွန်ဖော်ခရိုင် ၊ ဆူရတ်ဌာနီ ခရိုင် ကိုရောက်လာနိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် အဲဒီဒေသတွေမှာ မိုးသည်းထန်စွာ ရွာနိုင်ပြီး သဘာဝ ဘေးအန္တရာယ် တွေလည်းဖြစ်နိုင်တာ ကြောင့် သတိထားဖို့ကိုလည်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိ ရုံး က ဆိုထားပါတယ်။ဇန်နဝါရီလ ၃ ရက်ကနေ ၄ ရက်အတွင်းမုန်တိုင်းကြောင့် လေတိုက်နှုန်းနဲ့ မိုးရွာသွန်းမှုများမယ့် ဒေသေ တွ ကတော့ချွန်ဖော်ခရိုင်၊ဆူရတ်ဌာနီခရိုင်၊နခွန်စီထမရခရိုင်၊ဖတ်ထလူခရိုင်၊စုန်ခလာခရိုင်၊ပါတနီခရိုင်၊ရလာခရိုင်၊နလာထီးဝါးခရိုင်၊ကဘီခရိုင်၊တလန်ခရိုင်နှင့်စတူခရိုင်တို့ဖြစ်တယ်လို့လည်းသိရပါတယ်။
ဇန်န၀ါရီလ(၄ရက်မှ၅ရက်)မှာတော့ဖစ်ခ်ျဘူရီခရိုင်၊ပါကျွတ်ခီလီခံခရိုင်၊ချွန်ဖော်ခရိုင်၊ချွန်ဖော်ခရိုင်၊ဆူရတ်ဌာနီခရိုင်၊နခွန်စီထမရခရိုင်၊ဖတ်ထလူခရိုင်၊စုန်ခလာခရိုင်၊ပါတနီခရိုင်၊ရလာခရိုင်၊နလာထီးဝါးခရိုင်၊ကဘီခရိုင်၊ရနောင်းခရိုင်၊ဖန်ငခရိုင်၊ဖူးကစ်ခရိုင်တွေမှာ မိုးအနည်းငယ်ရွာကာ အချို့ခရိုင်တွေမှာ လေတိုက်နှုန်းနဲ့ မိုးရွာသွန်းမှုပိုမိုများမယ်လို့လည်း ပါရှိပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ၊ အထူးသဖြင့် ရေလုပ်သားတွေအနေနဲ့ မိုးလေဝသအခြေအနေတွေကို သတိထားကြဖို့ အလုပ်သမားသံအရာရှိရုံးက အသိပေးထားတာပါ။

Tips News

error: Content is protected !!