ချွေးနည်းစာနဲ့ ဝယ်ထားတဲ့ လက်စွပ်ကို လှူဒါန်းခဲ့တဲ့ သားငယ်တို့ဇနီးမောင်နှံ

သားငယ်တို့ ဇနီးမောင်နှံဟာ အကြော် ကြော်ရောင်းလို့ရတဲ့ ငွေကြေးနဲ့ လုပ်ထားတဲ့ ရွှေလက်စွပ် ၂ ကွင်းထဲက တစ်ကွင်းကို အလှူ လုပ်ခဲ့တယ်လို့ ဆိုပါတယ်. သူတို့နှစ်ဦးရဲ့ အလှူကို သာဓုခေါ်ခဲ့ကြတဲ့ ပရိသတ်တွေ အများကြီးပါ.

အဆိုတော် သားငယ်တို့ ဇနီးမောင်နှံက တကယ့်ကို မွန်မြတ်တဲ့ အလှူအတန်းတစ်ခုကို ဒီဇင်ဘာလ ၂ ရက်နေ့က ကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်. အကြော် ကြော်ရောင်းလို့ရတဲ့ ချွေးနဲစာထဲက အလှူလေးအတွက် ပီတိစကားကိုလည်း အခုလို ပြောပြလာပါတယ်.” ယနေ့ ကုသိုလ် ပဲကြော်ကြော် ဈေးရောင်းချွေးနည်းစာလေးနဲ့ပထမဆုံးဝယ်ထားတဲ့ဆင်တူလက်စွပ်လေး နှစ်ကွင်းထဲက တစ်ကွင်း ပုဂံအလိုတော်ပြည့်ဘုရားမှာ လှူဖြစ်တယ်နှစ်ဦးအလှူလေးတစ်ခု” ဆိုပြီးတော့ သားငယ်ရဲ့ ဇနီးဖြစ်သူ ချစ်ဆုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၂ ရက်နေ့ ည ၉ နာရီ ၂၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.

အဆိုတော် သားငယ်ဟာ လက်ရှိမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်နေပေမယ့်လည်း အကြော်သည် တစ်ယောက်အဖြစ်ဆက်လက် ရပ်တည် နေတုန်းပဲလို့ဆိုပါတယ်။ အဆိုတော် ဖြစ်လာလို့လည်း အကြော်သည်ဘဝကို မစွန့်လွှတ်ဘူးလို့ Duwun Media ကနေတဆင့်ပြောပြခဲ့တာဖြစ်ပါ တယ်။” အကြော်လုပ်ငန်းဆိုတာက ကျွန်တော့်အဖေရဲ့ လုပ်ငန်းမှာ ကျွန်တော့်မိန်းမက တစ်နေ့ကို တစ်ပြည် ၆၀၀၊ ၁၀ပြည် ၆၀၀၀ နဲ့ အလုပ်လုပ် ရတဲ့ အလုပ်သမားပါ။ အဲ့ဒါက အဖေ့ဆိုင် ကျွန်တော့်ဆိုင် မဟုတ်ဘူး။ ကျွန်တော်က အကြော်သည် အကြော်ဆိုင်ပိုင်ရှင်မဟုတ်ဘူး။ ကျွန်တော် အဆိုတော်ဖြစ်လို့ ဝဲပစ်လိုက်ဆိုတော့လည်း ဘယ်သူက ဝဲမှာလဲ။ ဒီအတိုင်းပဲ ဆက်ဖြစ်နေတာပေါ့နော်”လို့ ဆိုပါတယ်။

အကြော်သည်တစ်ယောက်ကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ သားငယ်ရဲ့ ရင်ထဲက ခံစားချက်ကိုလည်း အခုလိုပြောပြ လာပါတယ်။ စိတ်ရှုပ်စရာ အနည်းနဲ့အများအပေါ်မှာလည်း အေးအေးဆေးဆေးပါပဲ လို့ သူကဆိုပါတယ်။” စိတ်ရှုပ်စရာတော့ ဖြစ်စေတယ်။ အရင်က တစ်နေ့ကို ပိုက်ဆံ ၆၀၀၀၊ ၇၀၀၀ လောက်ပဲ ရှာနိုင်တာ အခုဆို ပိုရှာနိုင်တယ်။ စိတ်ရှုပ်ရ တာကလည်း အနည်းနဲ့အများရှိတာပဲ။ ကျားကြီး ခြေရာကြီးဆိုသလိုပေါ့။ ဒါကတော့ ဖြစ်တတ်ပါတယ်လေ။ အေးဆေးပါ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ “လမ်းကလေး” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။

Tips News

error: Content is protected !!