ယောဂီဝတ် ဒေါ်နန္ဒမာလာကို အမြန်လမ်းပေါ်တွင် ယမန်နေ့ ညနေပိုင်းက ထိန်းသိမ်း

အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သတင်းအရ ယောဂီဝတ် ဒေါ်နန္ဒမာလာစီးနင်းလာသော မော်တော်ယာဉ်ကို မန္တလေး-ရန်ကုန်အမြန်လမ်း မိုင်တိုင် ၂၈၄-၄ဖာလုံခန့်တွင် ရပ်တန့်စစ်ဆေးခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ဒေါ်နန္ဒမာလာကို ထိန်းသိမ်းလိုက်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ Popular News ကိုပြောသည်။

ယမန်နေ့(ဇန်န၀ါရီ ၂ ရက်)ညနေ ၆နာရီ ၅မိနစ်ခန့်ကပါ ဟု ပြောသည်။လက်ရှိတွင်သူမကို မန္တလေးရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့ဌာနချုပ်တာဝန်ရှိသူက ပြောသည်။ဘုရားထီးတော်တင်ပြီး ပြန်လာစဉ် ထုတ်ဆင့်ခံထားရသောဝရမ်းများအရ ထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်။ရဲကစစ်ဆေးနေဆဲဖြစ်၍ လက်ရှိအချိန်တွင် ဖြစ်စဉ်များကို အသေးစိတ်ဖြေကြားပေးနိုင်ခြင်းမရှိသေးချေ။ဒေါ်နန္ဒမာလာသည် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း ခံထားရသူတစ်ဦးဖြစ်သည် ဟု သိရသည်။

Tips News