Breaking News- ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုလိုက်ပါသော ကားတန်း မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခံရ၊ ခရိုင်အုပ်ချုပ်ရေးမှူးကား ပျက်စီး

ခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါသော ကားတန်းသည် ယနေ့ ညနေပိုင်းတွင်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကျောက်ဖြူမြို့နယ်မှ ပြန်လာသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏ ကားတန်းသည် မြောက်ဦးမြို့အ၀င်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မိုင်း ၃ လုံးထိသွားကြောင်း၊ ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအရာရှိများ ထိခိုက်မှုမရှိသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း သိရှိရသည်။

“ကားတန်းတိုက်ခိုက်ခံရတယ်။ မိုင်း ၃ လုံးကွဲတာပေါ့။ ကျောက်ဖြူက ပြန်လာပြီး မြောက်ဦးမြို့အ၀င်မှာ မိုင်းခွဲခံရတာ။ ခရိုင်အုပ်ချုပ်ရေးမှူးကားတော့ တော်တော်ထိသွားတယ်။ လူတွေတော့မထိဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါတ်ပုံ – မိုင်းခွဲတိုက်ခိုက်ခံရသော ကားတန်းနှင့် မိုင်းကွဲမှု မြင်ကွင်း။

Tips News