ကျိုက်ထီးရိုးဘုရား နောက်ဆုံးရသတင်း

ကျိုက်ထီးရိုးဘုရားမှာ ဘုရားဖူးတွေများလွန်းတာကြောင့် တောင်ဆင်းတောင်တက် လမ်းတစ်လျှောက် လူကြောပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။
နောက်ဆုံးရသတင်းတွေကို စုစည်း တင်ပြပေးပါ့မယ်

ဆံတော်ရှင် ကျိုက်ထီးရီုး စေတီတော် ရှိရာ တောင်တက်ကားဂိတ်၊ Cable Car ရောက်ရာ တောင်ထိပ်နေရာမှမြင်ကွင်း။ဘယ်လိုမှ ရှေ့ဆက်တိုးမရ၊ နောက်ဆုတ်မရ အခြေအနေဖြစ်လို့ ထမင်းဆိုင်ထဲ ဝင်ပြီး ရပ်ကြည့်နေရတော့တယ်။လူတွေများ တစ်ယောက်ပြီးတစ်ယောက်ထပ်နေပါတယ်။ တစ်လှမ်းလျှောက် သုံးမိနစ်ရပ်၊ လူကြောပိတ်ဆို့မှုဖြစ်နေပါတယ်။

ကင်ပွန်းစခန်း ကားရပ်နားရန်နေရာမရှိပါ။ကင်ပွန်စခန်း မုဒ်ဦးသို့ မရောက်ခင်ကပင် ကားလမ်းပိတ်ကာ မုဒ်ဦးသို့ရောက်ရန် ၄၅မိနစ်ခန်ကြာမြင့် တစ်လှိမ့်ချင်းလှိမ့်ကာ မောင်းရပါတယ်။ဒီတစ်သက်မှ ပထမဆုံး မြင်တွေ့ဘူးတဲ့ မြင်ကွင်းပါ။Tin Tun Oo

ကျိုက်ထီးရိုး အဆင်းလမ်းပိတ်ဆို့မှု သုံးနာရီကျော်ကြာမြင့်လာ(ရုပ်သံ)ကျိုက်ထီးရိုးရင်ပြင်တော်မှပြန်အဆင်းလမ်းမပေါ်ရှိ ရွှေနန်းကျင်နတ်နန်းမှဟုန်းနတ်ဘိုးဘိုးကြီးနတ်နန်းအထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီးဘုရားဖူးများ သုံးနာရီကြာ (ယခုအချိန်)ထိ ပိတ်မိနေကြသည်။

တောင်တက်ကားအဆင်းဂိတ်အထိသွားရာလမ်းတလျှောက် ပိတ်မိနေခြင်းဖြစ်ပြီး ဘုရားရင်ပြင်ခြင်္သေ့နှစ်ကောင်မုခ်ဦးအထိ ကားအချို့ဝင်ရောက်လာသဖြင့်လမ်းပိတ်ဆို့သွားခြင်းဖြစ်သည်။

လမ်းအကျယ်ပေ ၃၀ခန့်သာရှိသော လမ်းမပေါ်သို့ဘုရားဖူးများ များပြားစွာလာရောက်ချိန်တွင် တောင်တက်ကားဂိတ်တွင်ကားအချို့ကမရပ်ဘဲ ရင်ပြင်ပေါ်မုခ်ဝအထိမောင်းနှင်လာခြင်းကြောင့်ဘုရားဖူးများ ယခုကဲ့သို့ လမ်းပိတ်မိကုန်ကြခြင်းဖြစ်​​ကြောင်း ထို​နေရာသို့​ရောက်​ရှိ​နေသူများထံမှသိရသည်​။အောင်ပြည့်စုံ

 

Tips News

error: Content is protected !!