ရေကူးကန်ထက်က ပျိုမျစ်နုနယ်တဲ့ အလှတရားတွေကို လှစ်ဟာပြလိုက်ပြီး လူငယ်လေးတွေလို လန်းနေတဲ့ မေသန်းနု

ပရိတ်သတ်ကြီးရေ ပရိတ်သတ်ရဲ့ရင်ထဲမှာ ထာဝရချစ်ခင်အားပေးနေတဲ့ အကယ်ဒမီ မေသန်းနုကတော့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါတည်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မေသန်းနုကို အများက မဆင့်လို့ ချစ်စနိုးခေါ်ကြပြီး တစ်ခေတ်တစ်ခါတုန်းက အရမ်းကိုလှပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးပါနော်။အရင်ကတည်းက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်လွန်းတဲ့ အိုင်တင်တွေကြောင့် ပရိတ်သတ်တွေ အရမ်းကို အားပေးကြပါတယ်နော်။

မဆင့်က မြိတ်သူတစ်ယောက်ဖြစ်လို့ ပြောတဲ့ စကား ဝဲ ဝဲလေးတွေကလည်း ချစ်စရာကောင်းလို့ မဆင့်ကို ပရိတ်သတ်တွေက အရမ်းကို ချစ်ကြပါတယ်။မေသန်းနုရဲ့ ငယ်ရုပ်ရည်လေးကလည်း တစ်မျိုးလေးချစ်စရာကောင်းတဲ့အပြင် အခု အသက်ကြီးပိုင်းကိုရောက်လာပေမယ့်လည်း ငယ်ရုပ်လေးကမပျောက်ဘဲ ပျိုမျစ်နုနယ်ခြင်းတွေကို ပိုင်ဆိုင်ထားပါတယ်နော်။ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစ်စိုက်စိုက်မက်မက်လုပ်ဆောင်နေပြီး မျိုးဆက်သစ် အနုပညာရှင်တွေအတွက် ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်ပါတယ်။

မဆင့်ရဲ့ အနုပညာသက်တမ်းကလည်း ကာလတစ်ခုထိ ကြာမြင့်နေပြီဖြစ်လို့ အိုင်တင်အရမ်းကောင်းတဲ့ ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။အခုဆိုရင် မဆင့်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို သားလေး မင်းသန့်မောင်မောင်အတွက်လည်း လိုလေစေ့မရှိဖြည့်ဆည်းပေးနေတဲ့အပြင် အားလပ်ရက်တွေကို အပန်းဖြေအနေနဲ့ ခရီးတွေလည်းထွက်ပါတယ်။မဆင့်က အသက်အရွယ်တစ်ခုကို ရောက်ရှိနေပေမယ့် အရင်လိုပျိုမျစ်နုနုယ်ခြင်းတွေက မလျော့သွားတာကြောင့် လူငယ်လေးတွေလို လန်းနေဆဲပဲဖြစ်ပါတယ်။

Source:May Than Nu-Ma Sint

Tips News