ပန်းသည်အဘွားရဲ့ Surprise လုပ်တာကိုခံလိုက်ရတဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ (ရုပ်/သံ)

ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုခံထားရတဲ့ မင်းသမီးလေး ခိုင်နှင်းဝေဟာ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေ၊ အရွယ်မရောက်သေးခင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချို့တဲ့နေကြတဲ့ မိသားစုဘဝလေးတွေကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေသူပါ။ ပရဟိတဆိုတာ လူတိုင်းမလုပ်နိုင်တဲ့အရာဖြစ်ပေမယ့် သူမကတော့ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုနိုင်ဖို့ အမြဲတစေ ပရဟိတအလုပ်လေးတွေနဲ့ ပျော်မွေ့နေသူဖြစ်ပါတယ်။

ခိုင်နှင်းဝေတစ်ယောက်က သူကိုယ်တိုင် Surprise လုပ်ပြီး ကူညီခဲ့ပေမယ့် သူကို့ Surprise ပြန်လုပ်ခဲ့တဲ့ အဘွားအိုတစ်ဦးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဆိုင်ရှေ့ဖြတ်သွားတဲ့အဘွားအိုတစ်ဦးဆီက ပန်းတွေ ဝယ်ခဲ့တဲ့ ခိုင်နှင်းဝေတစ်ယောက် သူမ မျက်နှာကို Mask သေချာအုပ်ထားပေမယ့် သူမရဲ့ အသံလေးကိုနားထောင်ပြီး နာမည်ကို တပ်အပ်ပြောနိုင်လို့ ပီတိတွေဖြစ်နေခဲ့ရတာပါ။

“မလိုအပ်လည်း အားပေးလိုက်ပါ 🙏🙏🙏ကျွန်မက Surprise လုပ်ပြီး ကျွန်မ Surprise ဖြစ်သွားတဲ့အခိုက်အတန့်လေးတစ်ခု 😍😍 ကျွန်မ မုန့်စားနေတဲ့ဆိုင်ရှေ့က ဖြတ်သွားတဲ့ ပန်းသယ်အဘွားကိုခေါ်ပြီး အားပေးတာ Mask ကလည်းအုပ်ထားလျက်သားဆိုတော့ ကိုယ့်ကိုမသိဖူးပေါ့ ပြီးမှsurprise လုပ်မယ်ဆိုပြီးနေတာ သမီး မျက်နှာအုပ်ထားထဲက အသံကြားထဲက ခိုင်နှင်းဝေမှန်းသိတာပေါ့တဲ့ 😊😊ယခုလို ရှင်သန်နေထိုင်ရတဲ့ ဘဝမှာ ခိုကပ်မနေဘဲ စွမ်းနိုင်သလောက် အားအင်လေးနဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ အဘိုးအဘွား တွေ တွေ့ရင် သူတို့ရောင်းနေတဲ့ပစ္စည်းလေးက ကိုယ့်အတွက် မလိုအပ်လည်း အားပေးလိုက်ပါ ☺☺☺မိတ်ဆွေတို့ အတွက် ပရဟိတ ဆိုတာကို လုပ်ချင်တဲ့ စိတ်လေး ရှိရင်ကို လုပ်လို့ရနိုင်တာတွေအများကြီးပါ …..

အခုလို လူတစ်ဦးရဲ့ အခက်အခဲ လူတစ်ဦးရဲ့ ဝမ်းရေးလူတစ်ဦးရဲ့ အပျော် ကို တက်နိုင်သလောက် လေး အနည်းဆုံး ကိုယ်မုန့်စားသလောက်လေးဖြစ်ဖြစ် ကူညီပေးလိုက်ပါ …သူတို့ပျော်သွားတဲ့အပျော်ကိုမြင်ရတာ မိတ်ဆွေတို့ စားမယ့် မုန့်ထက် ပိုအရသာရှိလို့ပါ ….😊😊😊ကျွန်မ လမ်းသွားရင်း နေပူထဲမှာ လမ်းပြင်နေတဲ့ အလုပ်ကြမ်းသမားတွေ ဆိုက်ကားဆရာတွေ ကုန်ကြမ်းသမားတွေ တွေ့ရင်ပေးဖို့ အနည်းဆုံး အအေးဘူး ရေဘူးလေးတွေ နဲ့ လမ်းတွေမှာအလုပ်လုပ်နေရတဲ့ ကလေးလေးတွေအတွက် အရုပ်လေးတွေအမြဲဆောင်သွားလေ့ ရှိတယ် ကားပေါ်မှာ ပါလာရင်ပါလာသလောက်မုန့်တွေ လည်းအမြဲလှူဖြစ်တယ် ….မိတ်ဆွေတို့ အနေနဲ့ တကယ် လိုအပ်နေတဲ့လူတွေ အခက်အခဲ ဖြစ်နေတဲ့လူတွေရဲ့ ရင်ထဲက ဖြစ်လာတဲ့ အပျော် ဟန်ဆောင်မှုကင်းတဲ့ ရီမောမှု ပီတိကို စားသုံးပါ ☺☺အဲ့ဒီ ပီတိက နှစ်တစ်ထောင် ဂျင်ဆင်းထက် ပိုပြီး နုပျိုကျန်းမာ စေပါတယ် 🙏🙏🙏” လို့သူမ အကောင့်ကနေ ပျော်ရွှင်မှုတွေနဲ့အတူ ဒီစာလေးကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ….ပရဟိတဆိုတာ တကူးတကလိုက်လံကူညီဆောင်ရွက်မှမဟုတ်ပါဘူးနော်။ မင်းသမီးလေး ခိုင်နှင်းဝေ ပြောသွားသလိုပဲ တစ်ပိုင်တစ်နိုင် ပရဟိတလုပ်ငန်းတွေကိုသာ လုပ်ဆောင်သွားကြမယ်ဆိုရင် ကုသိုလ်လည်းရကြမှာအမှန်ပါပဲနော်။

Video ကြည့်ရန်

Source : We Love Cele
Photos-Khine Hnin Wai

Tips News