စေတနာပြည့်ဝ နှလုံးလှသည့် ယာဉ်ထိန်းတပ်ကြပ်ဂုဏ်ပြုခံရ

စေတနာပြည့်ဝ နှလုံးလှသည့် ယာဉ်ထိန်းတပ်ကြပ်ဂုဏ်ပြုခံရ ယခုဇွန်လ လဆန်းက လားရှိုးကြီးမီးပွိုင့်လမ်းဆုံအနီး ယာဉ်ထိန်းတပ်ကြပ်မျိုးကြီးသည် တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ကယ်စီးလာသည့်ဒေသခံတိုင်းရင်းသားကြီး ၂ ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိရာတွင် စေတနာမေတ္တာဖြင့်ကူညီပေးခဲ့ရာမှ လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားပြီး ပြည်သူ့အကျိုးပြုဂုဏ်ပြုဆုရရှိကာ ပြည်သူများ၏ချီးကျူးဂုဏ်ပြုခြင်းခံရသည်။ ” ပြည်သူတစ်ဦးပေါ်စေတနာအပြည့်နဲ့ကူညီလိုက်တဲ့အကျိုးရဲ့ရလဒ်ကပြည်သူအများရဲ့အသိအမှတ်ပြုခြင်းကိုခံရတဲ့အပြင် အထက်အကြီးအကဲများရဲ့ဂုဏ်ပြုခြင်းကိုပါရရှိခဲ့တွက်အတွက်ပြည်သူလူထုအားလုံးကိုအထူးဘဲကျေးဇူးတင်ပါတယ်ဗျ” ဟု ပြည်သူများကိုကျေးဇူးတင်ကြောင်း ၎င်း၏လူမှုကွန်ယက်တွင်ရေးသားထားသည်။ လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်မျိုးကြီးကို ဂုဏ်ပြုစကားပြောကြားပေးချင်ရင် 👇🏻👇🏻👇🏻 https://facebook.com/story.php?story_fbid=717754855306991&id=100012174486613 Credit- Lashio Media

လိင်ပြောင်းထားသူများအတွက် မှတ်ပုံတင်တွင် ကျားမသတ်မှတ်ချက်များ ဖြေလျော့ပေးရန် တောင်းဆို

LGBT တွေနဲ့ လိင်ပြောင်းထားသူတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)မှာ ကျားမ သတ်မှတ်ချက်တွေကြောင့် အခက်အခဲတွေရှိနေတဲ့အတွက် မှတ်ပုံတင်နည်းဥပဒေကို ဖြေလျှော့ LGBT အရေးဆောင်ရွက်နေသူတွေက တောင်းဆိုပါတယ်။လိင်ပြောင်းထားသူတွေနဲ့ LGBT တွေအနေနဲ့ ခရီးသွားတဲ့အခါနဲ့ ပြည်ပခရီးစဉ်တွေ သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်မှာပါတဲ့ ကျားမသတ်မှတ်တာတွေနဲ့ ဓာတ်ပုံ မတူတာတွေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လိင်ပြောင်းထားတဲ့ LGBT တွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ကျားမ ပြန်လည်ပြောင်းပေးဖို့ တရားဝင်ပြဋ္ဌာန်းထားတာတော့ မရှိပါဘူး။ ဒါပေမယ့် မှတ်ပုံတင်နည်း ဥပဒေမှာ တလအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံပြတာတို့ သီးခြားမှတ်ပုံတင်တခု ပြောင်းလဲပေးတာ တို့ စတဲ့ နည်းဥပဒေကို အနည်းငယ်ဖြေလျှော့ပေးဖို့ တောင်းဆိုနေကြတာပါ။ အာရှနိုင်ငံတွေထက် LGBT အခွင့်အရေးပိုရတယ်လို့ ပြောလို့ရတဲ့ ထိုင်းနိုင်ငံမှာတောင် နိုင်ငံသားကတ်တွေမှာ ကျားမပြောင်းလို့ရတဲ့ ဥပဒေမရှိသေးပါဘူး။ ဥပဒေပညာရှင်တွေကတော့ ဥပဒေပြုပြီးသွားရင် ပြောင်းလဲလို့ရပြီးတော့ လက်ရှိနိုင်ငံသားမှတ်ပုံတင် ဥပဒေအတိုင်း ဆိုရင်တော့...

ပြည်သူခိုင်းလို့ကောင်းသည့် နွားကြီးမှန်းသိအောင် ကြိုးစားမည်ဟု ကြံ့ခိုင်ရေးပါတီ ပြော

ရွေးကောက်ပွဲတွေမှာ အောင်နိုင်ဖို့အတွက် ပါတီကို ခိုင်းလို့ကောင်းတဲ့ နွားကြီးမှန်း သိအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က ပြောပါတယ်။ “နိုင်ငံရေးပါတီတခုအနေနဲ့ အန္တိမ ရည်မှန်းချက်ကတော့ အနီးစပ်ဆုံး ရွေးကောက်ပွဲ တွေမှာ အနိုင်ရရှိရေးပဲဖြစ်တယ်။ အနိုင်ရရှိရေးကလည်း ကျနော်တို့ မဲဆန္ဒရှင်ပြည်သူတွေက မဲပေးရွေးချယ်မှ ကျနော်တို့က လုပ်လို့ရမှာ၊ ကျနော်တို့ အနိုင်ရရှိရေးအတွက်ကိုတော့ ပြည်သူ ယုံကြည်လာအောင် ပြည်သူအားကိုးလာအောင် ပြည်သူတွေက သူတို့ခိုင်းလို့ကောင်းတဲ့ နွားကြီး မှန်းသိအောင် ကျနော်တို့က ကြိုးစားပြရမှာပေါ့။ မဲပေးခြင်းက ပြည်သူတွေနဲ့ပဲဆိုင်တယ်။ ကျနော်တို့ အကောင်းဆုံးကြိုးစားမယ် ဘယ်လိုလုပ်သွားမလဲ ဆိုတာကတော့ ပါတီ လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် မရှင်းပြလိုဘူး”လို့ ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ဖြစ်စေချင်တဲ့သူကိုသာ မဲပေးဖို့အတွက်ကိုလည်း ဒေါက်တာနန္ဒလှမြင့်က တိုက်တွန်းပြောပါတယ်။ဇွန်လ ၅ ရက်က နေပြည်တော် ရတနာသိင်္ဃဟိုတယ်မှာ ကျင်းပခဲ့တဲ့...

“ကျနော့်ကို တပ်မတော်က ပုန်ကန်သူဖြစ်အောင် အတင်းတွန်းပို့နေတယ်” မင်းထင်ကိုကိုကြီး

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အမှု ရုံးချိန်းကို ဇွန်လ ၆ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ ပဉ္စမအကြိမ် ပြုလုပ်ခဲ့ပါတယ်။ရုံးချိန်းမှာ တရားလိုတွေဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကိုယ်စားလှယ်တပ်မတော်သား အရာရှိ နှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ရုံးချိန်းအပြီးမှာ မင်းထင်ကိုကိုကြီးက “တပ်မတော်ဘက်က တရားလိုတွေက ကျနော့်ကို တပ်မတော်ကို ပုန်ကန်သူဖြစ်အောင် အတင်းတွန်းပို့နေပါတယ်။ ကျနော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိခဲ့ပါဘူး” လို့ပြောပါတယ်။ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် အာမခံပေးဖို့ တရားရုံးကို နှစ်ကြိမ်တိုင်လျှောက်ထားခဲ့ပေမယ့် အာမခံမရခဲ့ပါဘူး။မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တပ်မတော်ကို ပြည်သူတွေ အထင်အမြင်လွဲအောင် စာသားတချို့ရေးသားခဲ့တယ်ဆိုပြီး မတ်လ ၂၉ ရက်နေ့မှာ တရားစွဲခံခဲ့ရတာပါ။ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ပြည်သူအထင်အမြင်လွဲအောင်လှုံ့ဆော်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။ဒီပုဒ်မတွေဟာ အရင်စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံရေးသမားတွေကို စစ်အစိုးရက...

ဝေးလံတဲ့ဒေသတွေမှာ ကျောင်းတက်ရတဲ့ ကလေးငယ်တွေအတွက် စက်ဘီးအစီးရေ တစ်သောင်းကို မြန်မာလုပ်ငန်းရှင်တစ်ဦး လှူဒါန်းမည်

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသတွေမှာ ဝေးဝေးလံလံ ကျောင်းသွားတက်ရတဲ့ ကလေးငယ်တွေအတွက် စက်ဘီး အစီးရေ တစ်သောင်းကို စင်ကာပူနိုင်ငံမှာနေထိုင်သူ မြန်မာလူမျိုး ဦးသန်းထွန်းဝင်းက လှူဒါန်းသွားမယ်လို့ သိရပါတယ်။စကာင်္ပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က စက်ဘီးတွေကို အခု ဇွန်လအတွင်း မြန်မာနိုင်ငံကို သယ်ဆောင်လာမှာ ဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေက လိုအပ်နေတဲ့ ကျောင်းသားကလေးတွေဆီကို စတင်လှူဒါန်းသွားမယ်လို့လည်းသိရပါတယ်။ “ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေမှာကလေးတွေက ကျောင်းကို 2 km လောက် လမ်းလျှောက်သွားရတယ်။ ဒီစက်ဘီးတွေကို ကျောင်းသားကလေးတွေအတွက် အခမဲ့လှူဒါန်းမှာပါ။။ ” လို့ ဦးသန်းထွန်းဝင်းက လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။ “ကျွန်တော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးကို ပို့မှာပါ။ ဇွန်လ အကုန်လောက်မှာ စနိုင်မှာဖြစ်ပြီး ၆ လ လောက်ကြာနိုင်ပါတယ်။ ဒေသတစ်ခုကို အစီးရေ ၁၀၀၀ ကနေ ၂၀၀၀ လောက်အထိကျောင်းသားဦးရေပေါ်မူတယ်ပြီးပေးမှာပါ။လို့ ဦးသန်းထွန်းဝင်းက Duwun ကိုပြေ...

လမ်းဘေးခွေးတွေကို တရုတ်ကို ပို့ဖို့ လာရောက်တောင်းယူမှုဖြစ်ပွား

ဖမ်းဆီးပြီး ဂေဟာကို ပို့ထားတဲ့ လမ်းဘေးက ပိုင်ရှင်မဲ့ခွေးတွေကို တရုတ်ပြည်ကိုပို့ချင်တယ်ဆိုပြီးတရုတ်နိုင်ငံသားတစ်ယောက်က စည်ပင်သာယာရေးကော်မတီကို လာရောက်တောင်းယူမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ တရုတ်ပြည်ပို့ချင်တယ်ဆိုပြီး တရုတ်နိုင်ငံသားတစ်ဦး က စည်ပင်ကို လာတောင်းခဲ့ တယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကသူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။လမ်းဘေးခွေးတွေ ရှင်းလင်းတဲ့ လုပ်ငန်းကို ဒီနေ့ မေလ ၂၉ ရက်နေ့ကစပြီး ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက်မှာပြုလုပ်ခဲ့ပြီး ဖမ်းမိတဲ့ ခွေးအကောင် ၅၀ ကို ဂေဟာတွေကိုပို့ခဲ့ကြပါတယ်။ ပိုင်ရှင်မဲ့လမ်းပေါ်ရှိခွေးတွေကို ဖောင်ကြီး၊ မင်းကုန်း၊ မရမ်းချောင်၊ သရက်နီကျေးရွာတွေမှာရှိတဲ့ သဘာဝ ဓမ္မတရားရိပ်သာရဲ့ ဘေးမဲ့ဂေဟာကို ပို့ဆောင်တဲ့လုပ်ငန်းနဲ့ မွေးလိုတဲ့သူရှိတယ်ဆိုရင် တရားဝင်မွေးနိုင်အောင်မှတ်ပုံတင်လုပ်ပေးတာတွေလည်းလုပ်ခဲ့ပါတယ်။ လာတောင်းတဲ့ တရုတ်နိုင်ငံသားက ဒီမှာ မွေးဖို့ မဟုတ်ဘဲ တရုတ်ပြည်ကို ပို့ချင်တာဖြစ်တဲ့အကြောင်းပြောလာတာကြောင့် ဦးဝင်းဗိုလ်က အခုလိုတိရိစ္ဆာန်ကို နိုင်ငံခြားပို့တာဟာ အစိုးရဆီမှာ တရားဝင်လျှောက်ယူရတယ်၊ အစိုးရကတိရိစ္ဆာန်တွေကို...

အမေရိကန်သမ္မတတွေနေတဲ့ အိမ်ဖြူတော်၏ ထိပ်တန်းလျှို့ဝှက်များ

လွန်ခဲ့တဲ့ နှစ် ၂၀၀ကျော်လောက်က မီးလောင်မှုကြောင့်ပျက်စီးသွားခဲ့တဲ့ အမေရိကန်သမ္မတအဆက်ဆက်နေထိုင်ခဲ့တဲ့ အဆောက်အအုံကို ပြင်ဆင်မှုတွေပြုလုပ်ပီး ယခုအခါ လျှို့ဝှက်ချက်တွေ လုံခြုံရေးတွေပြည့်နေတဲ့ အိမ်ဖြူတော်ပေါ်ပေါက်လာခဲ့တာပါ။ ဒါကြောင့် အိမ်ဖြူတော်ထဲက လျှို့ဝှက်ချက်အချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။ မြေအောက်လှိုဏ်ခေါင်းတွေ အိမ်ဖြူတော်မှာ မြေအောက်လှိုဏ်ခေါင်း ၂လွှာရှိတယ်လို့ဆိုပါတယ်။ထိုအလွှာတွေထဲမှာ ဘိုးလိန်းကစားရုံတစ်ခုပါဝင်ပီး သွားဆေးခန်းတစ်ခုလဲတည်ရှိပါတယ်တဲ့။ ကောလဟာလတွေအရတော့ ထိုလှိုဏ်ခေါင်းတွေဟာ အခြားလျှို့ဝှက်နေရာတစ်ခုကို ဆက်သွယ်ထားပါတယ်တဲ့။ အချက်ပေးစနစ်တွေ Oval Office ဟာ အမေရိကန် သမ္မတအဆက်ဆက် ရုံးခန်းအဖြစ်အသုံးပြုခဲ့တာပါ။ထိုအခန်းရဲ့လုံခြုံရေးကိုအထူးလေ့ကျင့်ထားတဲ့ အစောင့်တွေထားရှိရုံမက သမ္မတကိုယ်တိုင် အချက်ပေးနိုင်တဲ့ စနစ်တွေကို ထိုအခန်းထဲက စားပွဲတ၀ိုက်မှာအများအပြားတပ်ဆင်ထားပါတယ်။ လေရေ အရင်းအမြစ် အိမ်ဖြူတော်ရဲ့ရေအရင်းအမြစ်ဟာ အဆင့်ဆင့်သော Filters စနစ်တွေကို ဖြတ်သန်းလာတာကြောင့် အဆိပ်အတောက်လုံးဝကင်းစင်နေပါတော့တယ်။ လေထုအနေနဲ့လည်းပြင်ပလေထက် ဖိအားများအောင်ပြုလုပ်ထားပီး လေထုထဲမှာပါဝင်တဲ့ chemical တွေကို ဖယ်ထုတ်ထားပီးသားပါ။ အပူလှိုင်းဆိုင်ရာ အချက်ပေးစနစ် အိမ်ဖြူတော်အတွင်း ခြံကျော်ဝင်သူတွေကို သင်တော်တော်များများကြားဖူးမှာပါ။ထိုသူတွေအတွက် လုံခြုံရေးတွေ အထူးလေ့ကျင့်ထားတဲ့ခွေးတွေထားရှိသော်လည်း...

မကြာခင် မြန်မာနိုင်ငံကို ပြန်လာတော့မယ့် ယွန်းဝတီလွင်မိုး

ပရိသတ်တွေအားလုံး ခေးလေးလို့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးကတော့ ဇွန်လထဲမှာ မြန်မာနိုင်ငံကို ခဏပြန်လာမယ်လို့ သိရပါတယ်။ ပြန်လာချင်းလွန်းလို့ အချိန်တွေ မစောင့်နိုင်တော့ဘူးတဲ့။ ခင်ပွန်းနဲ့အတူ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ Liam လေးရဲ့ မေမေ ယွန်းဝတီလွင်မိုးကတော့ မြန်မာနိုင်ငံကို ဇွန်လ(၂၀) ရက်နေ့မှာ ပြန်လာတော့မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ My Day မှာ ပရိသတ်တွေမေးတဲ့ မေးခွန်းလေးကို ပြန်ဖြေထားရင်း ပြောပြထားတာပါ။ ဇွန်လ(၄) ရက်နေ့က သူမရဲ့ My Day မှာ ပရိသတ်တစ်ဦးက မြန်မာနိုင်ငံကို ဘယ်အချိန်ပြန်လာမလဲလို့ မေးခဲ့တာပါ။ ယွန်းဝတီလွင်မိုးကတော့” June20 can’t Wait” ဆိုပြီး ပြန်ဖြေထားပါသေးတယ်။ သားလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ပျော်နေမှာပါ။ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက အခုဆိုရင် (၉)လသားအရွယ်လေးကို ရောက်နေပါပြီ။ ယွန်းဝတီလွင်မိုးဟာ သားလေး...

ခွေးတွေကို လမ်းမပေါ် အစာကျွေးရင် ထောင်ချတဲ့အထိ အရေးယူသွားမယ်လို့ စည်ပင်ပြောပြီ

ခွေးတွေကို လမ်းမပေါ်တွေမှာ အစာကျွေးရင် ထောင်ဒဏ်ချမှတ်တဲ့ အထိအရေးယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပြည်သူ့ကျန်းမာရေးနှင့် ဈေးလုပ်ငန်းတာဝန်ခံအဖွဲ့ တိရိစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေး ဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းစိုးက ပြောပါတယ်။ အရေးယူ ဆောင်ရွက်မှုကို အခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဥပဒေအရ အရေးယူ တဲ့ အဆင့် မလုပ်ဆောင်ခင် ပထမအဆင့်အနေနဲ့ အသိပညာပေးအဆင့်၊ ဒုတိယအဆင့် အနေနဲ့ ခေါ်ယူသတိပေး အဆင့် တွေကို အဆင့်ဆင့် လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေ အလိုက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ၀န်ထမ်းတွေကို စောင့်ကြည့်ခိုင်းထား တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ခွေးတွေကို အများပြည်သူဆိုင်ရာ ဧရိယာတွေ ပေါ်မှာ အစာကျွေး တာ တွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တဲ့အတွက်...

ရွှေတိဂုံဘုရားပေါ် ဝတ်စားဆင်ယင်မှု စည်းကမ်းတင်းကျပ်သည့်ကိစ္စ နားလည်ပေးရန် ဂေါပကပြော

ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးပြည်သူတွေရဲ့ အမြင်မတော်တဲ့ ဝတ်စား ဆင်ယင်လာတာကို တားဆီးတဲ့အခါမှာ နားလည်ပေးဖို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးက မေတ္တာရပ်ခံထားပါတယ်။ ဂေါပကအဖွဲ့အနေနဲ့က မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ဘုရားလာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူတွေရဲ့ ဝတ်စားဆင်ယင်မှုကို စည်းကမ်းတင်းကျပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စကပ်အတို၊ ဘောင်းဘီအတို၊ အင်္ကျီလည်ဟိုက်နဲ့ အသားကပ်ဘောင်းဘီ စတဲ့ အမြင်မတော်တဲ့ ဝတ်စားဆင်မှုတွေ မလုပ်ဖို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ဒါ့အပြင် အခုလို အမြင်မတင့်တယ်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်လာမယ်ဆိုရင်တော့ ဘုရားကပေးတဲ့ ပတ်ထမီကို စပေါ်ငွေ ကျပ် ၃၀၀၀ ပေးကာ ဝတ်ဆင်လာတဲ့ ဝတ်အဝတ်အစား အပေါ် ထပ်ပြီးဝတ်ဆင်ရမှာဖြစ်ပါတယ်။ ပေးထားတဲ့ စပေါ်ငွေကိုတော့ ဘုရားပေါ်က ပြန်ဆင်းတဲ့ အချိန်မှာ ပေးဝတ်ထားတဲ့ ထမီနဲ့ ပြန်လည်လဲလှယ်ပြီး ငွေကျပ် ၃၀၀၀ ကို ပြန်လည် ထုတ်ယူရမှာ ဖြစ်ပါတယ်။ရွှေတိဂုံဘုရားကို လာရောက်ဖူးမြော်တဲ့...