တောင်ကိုရီးယားက မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့် တားမြစ်

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းရဲ့ နိုင်ငံသားတွေကို မြန်မာနိုင်ငံက ရခိုင်ပြည်နယ်သို့ ခရီးသွားလာခွင့်ကို တားမြစ်ရန် အမြင့်ဆုံး ခရီးသွားလာခွင့် တင်းကြပ်မှုကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ကြောင်း အင်္ဂါနေ့က ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်ဆီ ခရီးသွားလာခွင့် ပိတ်ပင်တာဟာ ဘေးကင်းလုံခြုံရေး အန္တရာယ် များတာကြောင့် ပိတ်ပင်တာဖြစ်ကြောင်း Korea Herald သသသတင်းဌာနက ဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်းက တရုတ်၊ လာအို၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဒေသတွေဟာလည်း ဘေးကင်းရာ ရွှေ့ပြောင်းနေကြရတဲ့ နယ်မြေဒေသများဖြစ်တာကြောင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယအမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပါတယ်။ဒါအပြင် အရှေ့မြောက်ပိုင်း ဒေသက ရှမ်းပြည်နယ်ရဲ့ နေရာအချို့နဲ့ ကချင်ပြည်နယ်တို့ဆီ ခရီးသွားလာရာမှာ အထူးကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ ကားနဲ့ ခရီးသွားလာတာကို တတိယအမြင့်ဆုံး သတိပေးချက် ယင်းဌာနက ထုတ်ပြန်ပါတယ်။ ခုလို ဆုံးဖြတ်ချက် ချရတာဟာ မြန်မာနိုင်ငံတွင်းက တစ်ချို့သော ဒေသတွေမှာ...

ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲ မဝင်မိစေရန် နှစ်သစ်တွင် သမ္မတ သတိပေး

ပြည်သူလူထုအနေနဲ့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲ မဝင်မိစေဖို့ ဂရုစိုက်ကြစေလိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ နှစ်သစ်ကူး အထိမ်းအမှတ် နိုင်ငံတ၀န်းကို ပြောကြားတဲ့ နုတ်ခွန်းဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်က “ကျနော်တို့ အစိုးရအနေနဲ့ ဘယ်လိုပဲစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်ကျပ်အတည်းတွေရှိနေပါစေ၊ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှုတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့မဝင်မိစေရန် ဂရုစိုက်ကြစေလို ပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်တွေကိုလည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုတွေ ကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန် မိကြရန် သတိရှိကြစေလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သုံးနှစ်တာ ကာလအတွင်း အစိုးရရဲ့ အောင်မြင်မှုတွေကို အလေးထား ပြောဆိုခဲ့တာမှာတော့...

နှစ်သစ်တွင် အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေး

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတက အကျဉ်းသားပေါင်း ၉၅၅၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသူ အကျဉ်းသား ၉၅၃၅ ဦးကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာလို့ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်စာမှာ ဖော်ပြပါတယ်။ အလားတူ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကိုလည်း နိုင်ငံအချင်းချင်း မိတ်မပျက် ဆက်ဆံရေးကိုရှေးရှုသောအားဖြင့် လူသားချင်းစာနာတဲ့ အနေနဲ့ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့် ပြုလိုက်ပြီး ပြည်နှင်ဒါဏ်ပေးလိုက်တယ်လို့ သမ္မတရုံးက သီးခြား အမိန့်စာ ထုတ်ပြန်ထားပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံခြားသားတွေဟာ ဘယ်နိုင်ငံတွေကလဲ ဆိုတာ မသိရသေးသလို ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိရသေးပါဘူး။...

မေမေထရီဇာ သီချင်းသွားဆိုခါနီး တစ်ယောက်တစ်မျိုးစီ ချွဲနေကြတဲ့ ခေတ်လေးနဲ့သစ်လေးတို့ရဲ့ အချွဲဗီဒီယို

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက သီချင်းသွားဆိုခါနီး သမီး​လေးနှစ်​​ယောက်​ကို ​မေး​နေတဲ့ ချစ်​စရာ ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားတာ ​တွေ့ရပါတယ်​။ သီချင်းသွားမဆိုခိုင်းတဲ့သူနဲ့ သွားဆိုလို့ ​ပြောတဲ့သူနဲ့မို့ ​မေ​မေချစ်​သု​ဝေတစ်​​ယောက်​ ​တော်​​တော်​​လေးသ​ဘောကျ​နေကြတာပါ။ ချစ်ပရိသတ်တွေအတွက် ​မေ​မေချစ်​သု​ဝေကိုချွဲ​နေကြတဲ့ ​ခေတ်​နဲ့ သစ်​​လေးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ​မေ​မေ ထရီဇာက​တော့ “Khit lay vs Thit lay” ဆိုပြီး သီချင်းသွားဆိုခါနီး ​ခေတ်​​လေးနဲ့ သစ်​​လေးတို့ရဲ့ အမြင်​ကို​မေး​နေတဲ့ အသည်းယားဖွယ်​ ဗီဒီယို​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။ ​မေ​မေသီချင်းသွားမဆိုနဲ့ လို့ မပီ့တပီ​လေး​ပြော​နေတဲ့ ​ခေတ်​​လေးရဲ့ ဗီဒီယို ​မေ​မေသီချင်းသွားဆိုရင်​ ​ပေါင်​မုန့်​ဝယ်​ခဲ့လို့ ချစ်​စဖွယ်​​လေး ပူဆာ​နေတဲ့ သစ်​​လေးရဲ့ ဗီဒီယို အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့...

အင်းယားကန်ပေါင်တွင်အလှဆင်ထားသော ပုသိမ်ထီးများ မင်းမဲ့စရိုက်ဆန်ဆန် ဖြုတ်ယူသူများကို လုံခြုံရေးများဝင်ရောက်ဖမ်းဆီးတဲ့ ဗီဒီယိုပျံ့နှံ့

သင်္ကြန်ကာလ အင်းယားကန်ပေါင်တစ်လျှောက်အလှဆင်ထားသည့် ပုသိမ်ထီးများအား သင်္ကြန်အကြတ်နေ့တွင် လာရောက်လည်ပတ်သူများက တယောက်တစ်လက်ဖြုတ်ယူမှုဖြစ်ပွားခဲ့သည်။ ထိုသို့သင်္ကြန်ကာလမပြီးဆုံးသေးသည့်အချိန်မှာပင် မင်းမဲ့စရိုက်ဆန်ဆန် မြန်မာ့ရိုးရာအလှများကို ဖျက်လိုဖျက်စီးပြုလုပ်သည့် သူများအား ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာများထက်မှာ ဖော်ပြထားကြပြီး ဝိုင်းဝန်းရှုံ့ချမှုများလည်းရှိခဲ့သည်။ သင်္ကြန်အတက်နေ့အတွက် ဖြုတ်ယူသွားသော ပုသိမ်ထီးများအား ညတွင်းချင်းပြန်လည်ပြုပြင်တပ်ဆင်ထားပြီးနောက် မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့တာကိုတွေ့ရပါတယ်။ ယနေ့လူမှုကွန်ယက်စာမျက်နှာထက်မှာတော့ ပုသိမ်ထီးများဖြုတ်ယူနေသူများကို လုံခြုံရေးရဲများက ဝင်ရောက်ဖမ်းဆီးနေတဲ့ ဗီဒီယိုတစ်ဖိုင်ထွက်ပေါ်လာခဲ့ပြီး ထိုသို့ဖမ်းဆီးမှုအပေါ်မှာလည်း ကျေနပ်မိကြောင်း အများစုက မှတ်ချက်ပေးထားတာကိုတွေ့ရတာဖြစ်ပါတယ်။ video-chit phyo ko

ကျေးလက်ဒေသရဲ့ သဘာဝအလှတရားတွေကို ထုတ်ဖော်ပြသပေးထားခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေး ဟာဆိုရင် အရမ်းကို ချစ်စရာကောင်းလွန်းခဲ့တာကြောင့် လူတိုင်းက ချစ်ခင်အားပေးနေခဲ့ကြရတဲ့ သူလေးတစ်ယောက်ပါ။ အားလုံးက ချစ်ခင်အားပေးနေခဲ့ရတဲ့ ဖြူဖြူထွေးကတော့ လတ်​တ​လောမှာ သင်္ကြန်​အတောအတွင်းမှာ လူတိုင်းမစဉ်းစား မသိမြင်နိုင်တဲ့ ရွာရဲ့သဘာဝအလှတရားလေးတွေနဲ့ ဟာသဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ကြံကြံဖန်​ဖန်​ ရိုက်​ကူးထားတဲ့ ဖြူဖြူ​ထွေးရဲ့ ဟာသဗီဒီယို​လေးကို​တော့ ပရိသတ်အများက သဘောကျ ကြိုက်နှစ်သက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဘယ်သူမှ မစဉ်းစားမသိရှိနိုင်ခဲ့တဲ့ ရွာရဲ့ သဘာဝအလှတွေကို ထုတ်ဖော်ပြသပေးနိုင်ခဲ့တဲ့ ဖြူဖြူ​ထွေးရဲ့ဟာသဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ဟာသလေးနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးလိုက်တဲ့ ဖြူဖြူထွေးကတော့ “ကျေးလက်ဒေသရဲ့ချောင်းဟာဖြူဖြူထွေးအတွက် အပန်းဖြေစရာ ကမ်းခြေလိုပါပဲ💦💦💦” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ တောရွာလေးရဲ့ သဘာဝအလှတရားတွေတောထဲမှာ သာသာယာယာကြီး အပန်းဖြေ ကျေနပ်နေခဲ့တဲ့ ဖြူဖြူထွေးရဲ့ video file ဘယ်သူမှ စဉ်းစားတွေးခေါ်မှုမရှိခဲ့တဲ့ တောရွာလေးရဲ့...

အမှိုက်‌ဆိုတာ ဂျိုနဲ့လားလို့‌မေးယူရမဲ့ အမှိုက်‌ကင်းစင်‌ ဆင်‌နက်‌‌ချောင်‌ ‌ကျေးရွာရဲ့ ‌နောက်‌ကွယ်‌ကစိတ်‌ထား

ဆင်‌နက်‌‌ချောင်‌ ဆိုတဲ့ရွာက အမှိုက်‌ပဲကင်းစင်‌တယ်‌လို့ထင်‌ရင်‌မှားလိမ့်‌မယ်‌ ဒီရွာက မူးယစ်‌လည်းကင်းစင်‌တယ်‌ (အရက်‌ဘီယာ ‌ရောင်းချခွင့်‌မရှိဘူး) အသက်‌ ၁၈ နှစ်‌မပြည့်‌တဲ့သူကို ကွမ်း ‌ဆေးလိပ်‌ ‌ရောင်းချခွင့်‌မပြုဘူး ဒါတင်‌မက‌သေး. ‌ကျေးရွာအတွက်‌ ဝက်‌ . နွား သတ်‌ခွင့်‌မပြု  ရာဇဝတ်‌မှုဆိုတာက မရှိသ‌လောက်‌. တကယ့်‌‌ခေါင်း‌ဆောင်‌‌ကောင်း‌တွေရှိတဲ့ရွာ ‌ခေါင်း‌ဆောင်‌‌တွေပဲ‌ကောင်းတာလား မဟုတ်‌‌သေး ‌နောက်‌လိုက်‌‌ကောင်း‌တွေစု‌ဝေးတဲ့ရွာ ‌ဟော . .ဒီလို အမှိုက်‌ကင်းစင်‌ရွာ‌လေးဖြစ်‌ဖို့ က‌လေး‌တွေအင်‌အားစုနဲ့ လုပ်‌‌ဆောင်‌ခဲ့ကြတာ. က‌လေး က‌လေး အထင်‌မ‌သေးနဲ့ ‌ဟောဒီ ဆင်‌နက်‌‌ချောင်‌က နမူနာကွဲ့ . ‌ဒီရွာကို စံပြထားပြီး ရွာငံမြို့နယ်‌အတွင်း ‌ကျေးရွာ‌တွေ ဒီလို‌ဖြစ်အောင်‌ ကြိုးစားသွားမယ်‌. Credit -လူ‌ခေး

ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးယူနေသည့် အရန်မီးသတ်ကို ကခုန်သူက ဓားဖြင့်ထိုးမှုဖြစ်ပွား

ရန်ကုန်-ပုသိမ်ကားလမ်းဘေး စက်မှုဇုံထိပ်ရှိ ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးယူနေသည့် အရန်မီးသတ်တပ်စုမှူးကို ကခုန်သူက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး စက်မှုဇုံထိပ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က လုံခြုံရေးတာဝန်ဆောင်ရွက်နေသော (၁၆)ရပ်ကွက်နေ အရန်မီးသတ်တပ်စုမှူး စိုးကျော်ကျော်၊ (၂၆)နှစ်သည် မဏ္ဍပ်ရှေ့တွင် ကခုန်နေသည့် လူငယ်များအား ထိန်းသိမ်းနေစဉ် ကျော်မျိုးလွင်ဆိုသူက အရိုးအသွား (၇)လက်မခန့်ရှိ ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဓားဖြင့်ထိုးခံရမှုကြောင့် အရန်မီးသတ်တပ်စုမှူး စိုးကျော်ကျော်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ (၆)ရပ်ကွက်နေ ကျော်မျိုးလွင်၊ (၂၈)နှစ်ကို လှိုင်သာယာမြို့မရဲစခန်း၌ (ပ)၂၂၆၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ Credit-အကုန်သိ

ဘရာဇီးတွင် ကောင်းကင်တခုလုံး တောက်ပသွားသည့် ဥက္ကာခဲကြွေကျ

ဘရာဇီးနိုင်ငံမှာ ကောင်းကင်တခုလုံး တောက်ပသွားပြီး ဥက္ကာခဲကြွေကျလာတဲ့ ဖြစ်စဉ်ကို ဧပြီလ ၁၂ရက်က အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။ အာကာသထဲကနေ ကြွေဆင်းလာတဲ့ ဥက္ကာခဲတခုဟာ ကမ္ဘာ့လေထုထဲကို ၀င်လာချိန် ကောင်းကင်ပေါ်မှာ ပေါက်ကွဲသွားတဲ့ ရုပ်သံဖိုင်ကို ဘရာဇီးဥက္ကာပျံ လေ့လာစောင့်ကြည့်ရေး ကွန်ရက်ရဲ့ သိပ္ပံပညာဆိုင်ရာ ဒါရိုက်တာ ကားလို့ ဖာနန်ဒို ယန် တပ်ဆင်ထားတဲ့ ကင်မရာက ဖမ်းယူခဲ့တာပါ။ အဲဒီဥက္ကာခဲဟာ အတ္တလန္တိတ်သမုဒ္ဒရာပေါ်က ၂၂ မိုင် အကွာကောင်းကင်ထဲမှာ ပေါက်ကွဲခဲ့ဖွယ်ရှိတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ Credit-ဒီဗွီဘီ

အင်းယားကန်ဘောင်မှ ထီးများ အမြန်ဆုံးပြန်လည်တပ်ဆင်နေမှု မြို့တော်ဝန်သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးများကြပ်မတ်ရန်မှာကြား

အင်းယားကန်ဘောင်လမ်းလျှောက်သင်္ကြန်မှ ထီးများ အမြန်ဆုံးပြန်လည်တပ်ဆင်နေမှု မြို့တော်ဝန်သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြား ယနေ့ အင်းယားကန်ဘောင်လမ်းလျှောက်သင်္ကြန်တွင် ဖြုတ်ယူခံရသဖြင့် ထီးများပျက်စီးမှု အခြေအနေကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ ယခုညပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြပြီး ယင်းတို့ကို အမြန်ဆုံး ပြန်လည်နေမှုကိုကြည့်ရှုခဲ့ကာ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ Credit-ပေါ်ပြူလာ

error: Content is protected !!